HomeBusinessMyanmar Extends International Flight Ban Until January 1

Myanmar Extends International Flight Ban Until January 1

The Department of Civil Aviation (DCA) has extended the effective period of Temporary Measures to Prevent Importation of COVID-19 to Myanmar Through Air Travel until January 1, 2021, which means that all the international commercial flights flying to and from Myanmar will remain suspended. 

This is an extension of the flight ban which will end on December 31 due to the high number of reported cases in the country. 

The Ministry of Health and Sports first placed the ban on international commercial passenger flights to and from Myanmar on March 29, when the country started to see COVID-19 cases in its territory. 

On the other hand, the Ministry of Transport and Communications is also in talks to ease the ban based on the instruction of the National-level Central Committee on Prevention, Control and Treatment of Coronavirus Disease 2019, in order to help relieve the impact on the country’s economy.

Written by Ko Myo


နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်း အပေါ် ကန့်သတ်မှုကို၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့အထိ ကာလတိုးမြှင့်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက် လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉- ၃-၂၀၂၀) ရက်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်း ခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်း ကို ယာယီကန့်သတ်ခြင်း ဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှု ကာလအား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁- ၁၂- ၂၀၂၀) ရက်၊ မြန်မာ စံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။

သို့သော် ယခုအချိန်ထိ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်းမှာ မြင့်တက် နေဆဲရှိသည့်အပြင် ဗြိတိန်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သော ကူးစက်မြန် ဗီဇပြောင်း COVID-19 ရောဂါပိုး အသစ်ကို အချို့အာရှနိုင် ငံများအပါအဝင် အခြားနိုင်ငံများသို့ စတင် ကူးစက်နေလျက်ရှိကြောင်း တွေ့ရှိ ရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်း ခရီးသည်များမှတဆင့် COVID -19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီး ကာကွယ်နိုင်ရေးအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက် ပါညွှန်ကြားချက် ၏ သက်ရောက်မှုကာလကို (၃၁-၁-၂၀၂၁) ရက်၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ် သည်။

တစ်ဖက်တွင်လည်း COVID-19 ကပ်ရောဂါ၏ သက် ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ထိခိုက်မှုကို ပြန်လည်ကုစားရေးအတွက် အထောက်အကူ ဖြစ်စေရန် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ International Commercial Passenger Flights များကို COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ ကျန်းမာ ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ အဆင့် လိုက် ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများမှ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သတင်းရရှိသည်။

We include products we think are useful for our readers. vgrmalaysia If you buy through links on this page, we may earn a small commission.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img