Home Business Myanmar Extends Stay-at-Home Order Two More Weeks

Myanmar Extends Stay-at-Home Order Two More Weeks

 

The Ministry of Health and Sports issued an order extending the Stay-at-Home order two more weeks prohibiting employees working for CMP business. The order will remain effective until October 21 from October 8. 

The Ministry, as it is fighting and preventing the Covid-19, issued the stay-at-home order on September 20 requiring all the residents in Yangon Region except Coco Island. 

“More confirmed cases are reported in Yangon Region and the silent carriers, who are working and commuting normally, can increase the spread of the Covid-19. Therefore, all the employees working for the CMP companies,” the Ministry’s order said. Anyone who fails to follow the order will face legal actions.  

As of October 6, there are over 20,033 confirmed cases with 471 deaths and 5,721 recovered. 

Mr.Shri Harsh V Shringla, Foreign Secretary of India, promised during the foreign ministerial conference held online on October 1 saying that India will not only provide Myanmar technology and medicines to fight the COVID-1 but also help produce the vaccine.


ရန်ကုန်တိုင်းအတွင်းရှိ ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်နေသော လက်ခစားလုပ်ငန်း(CMP)စက်ရုံ အလုပ်ရုံများတွင် တာဝန်ယူထမ်းဆောင်မည့်သူများအား အောက်တိုဘာလ ၈ရက်မှစတင်ကာ အောက်တိုဘာလ ၂၁ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကအမိန့် ထပ်မံ ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်သော အဆိုပါအမိန့်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင်အကျုံးဝင်ကြောင်း စက်တင်ဘာလ ၂၀ရက်နေ့တွင် ကြေညာခဲ့သည်ဟု ဖော်ပြထားသည်။

“လက်ရှိအခြေအနေ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း ၊ COVID-19 ရောဂါ ကူးစက်ခံထားရသူဖြစ်သော်လည်း မည်သည့်ရောဂါ လက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်ပါသဖြင့် ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်နေသော လက်ခစားလုပ်ငန်း(CMP)စက်ရုံ အလုပ်ရုံများတွင် တာဝန်ယူထမ်းဆောင်မည့်သူများအား အောက်တိုဘာလ ၈ရက်မှစတင်ကာ အောက်တိုဘာလ ၂၁ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း”အမိန့်ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ယခုအမိန့်အားလိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဟု ဖော်ပြထားသည်။

လက်ရှိ အောက်တိုဘာလ ၆ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် COVID-19 လူနာပေါင်း ၂၀၀၃၃ ရှိပြီး သေဆုံးလူနာပေါင်း ၄၇၁ ဦးရှိကာ  ဆေးရုံဆင်းခွင့်ရသူပေါင်း ၅၇၂၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

- Advertisment -

Must Read

Yangon’s New City Project receives 16 proposals from nine countries

New Yangon City Development Project has received 16 Expressions of Interests (EOI) submitted by companies and consortiums from nine countries in the Swiss Challenge...