Myanmar Faces Pressure over Anti-Money Laundering Efforts

0
220

by Tin Mg Oo

Myanmar is facing pressure from the international community over allegedly weak efforts to counter money laundering and terror financing, according to U Soe Win, Union Minister of Planning, Finance and Industry.
“The international community including the Asia/Pacific Group is watching. APG has accused us of being too weak in fighting money laundering and terrorism, listing 99 points [of non-compliance]. There are reports that some international actors are trying to put Myanmar on the gray list [of countries with high non-compliance rate],” he said.
Myanmar launched lobbying efforts with officials traveling the world for 60-70 days to explain the country’s policies and initiatives against money laundering and terrorism financing. Thanks to that campaign and following discussions in Beijing, 44 out of 99 points were removed. The remaining weakness points were reduced to 12 after another discussion.
The Asia/Pacific Group on Money Laundering (APG) is an autonomous regional anti-money laundering body established in 1997. Myanmar became a member in 2006. When considering weaknesses in a country’s fight against money laundering and terror financing, APG looks into records of the funding sources of INGOs, NGOs and CSOs and investigates how they use the funds.
Myanmar passed the Anti-money Laundering Law on March 14, 2014. In its efforts to fight money laundering and terror financing, the government has issued directives and is now relying on collaboration between the Ministry of Home Affairs, Ministry of Commerce and the Central Bank of Myanmar.


မြန်မာနိုင်ငံအဖြင့် လက်ရှိတွင် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုများ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဖိအားပေးခြင်းကို ခံနေရကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ နိုင်ငံတကာက အကဲခက်နေတဲ့ APG ဆိုတဲ့ Asia Pacific Group ဆိုတာရှိပါတယ် သူတို့က ကျွန်တတော်တို့ မြန်မာနိုင်ငံက ငွေကြေးခဝါချမူနဲ့ အကြမ်းဖက်မူများ ကိုငွေကြေးထောက်ပံ့မှု တိုက်ဖက်ရေးကိစ္စရပ်တွေမှာ အလွန်အားနည်းတယ်ဆိုပြီး အချက်ပေါင်း ၉၉ ချက်စွပ်စွဲခဲ့ပါတယ်။ Grey-List ထဲထည့်ဖို့ လုပ်ဆောင်နေတာရှိပါတယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် ရက်ပေါင်း ၆၀ မှ ၇၀ အတွင်း နိုင်ငံတကာသို့ ကိုယ်စားလှယ်များ လှည့်လည်ကာ ရှင်းလင်းဆွေးနွေးခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ဘေဂျင်းမြို့တွင် နိုင်ငံတကာအဖွဲ့များနှင့် အကြိတ်အနယ်ဆွေးနွေးခဲ့ခြင်းကြောင့် စွပ်စွဲချက် ၉၉ ချက်မှ ၄၄ ချက်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့နောက်တွင် ထပ်မံဆွေးနွေးမှုများ ပြီးဆုံးသည့်အချိန်တွင် မြန်မာနိုင်ငံအား ငွေကြေး ခဝါချမှု နှင့် အကြမ်းဖက်မှုများ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပျော့ညံ့သည့်အတွက် အချက် ၁၂ ချက်ကို သတ်မှတ်ခဲ့ကြောင်း ၎င်းကပြောသည်။

အဆိုကဲ့သို့ သတ်မှတ်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ အဖွဲ့အစည်းအစည်းများ ၊ ပြည်တွင်းအဖွဲ့အစည်းများ (INGO ၊ NGO ၊ CSO များ ) ထံသို့ Source for Fund ငွေကြေး မည်သို့ရောက်ရှိလာကြောင်းများကို မှတ်တမ်းတင်မှု ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု ၊ အဆိုပါ အဖွဲ့အစည်းများမှ ငွေကြေးများကို မည်သည့်နေရာများတွင် မည်သို့ပြန်လည် အသုံးချမှု စသည့် အချက်များကို အဓိကထားမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ထုတ်ပြန်၍ ပြည်ထဲရေးဝန်ကြီးဌာန ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ဗဟိုဘဏ် စသည်တို့ဖြင့် ဖြေရှင်းနိုင်ရန် စုစည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ကာ ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်တွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းခဲ့ကြောင်းသိရသည်။

SOURCETin mg Oo /Myanmar Business Today
Previous articleThe Artist Beneath the Art Forger
Next articleRaf Simons Becomes Co-Creative Director at Prada