HomeBusinessMyanmar foreign trade in good shape thanks to demands for crops 

Myanmar foreign trade in good shape thanks to demands for crops 

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Despite the pandemic which has caused disturbances in trade flow, Myanmar foreign trade is in the good shape thanks to the healthy demands for agricultural products, according to the Ministry of Investments and Foreign Economic Relations. 

Myanmar started to feel the impact of the COVID-19 earlier this year with business suffering a severe blow. 

However, strong demands for high-quality crops have remedied the hits to the export sector to a certain extent, with the volume of export increased by $2 billion as of August this fiscal year compared to the same period last fiscal year. As of the end of August, the country’s export topped $30 billion boosted by increased trade with Bangladesh, India, China, and Thailand. 

Like higher export, the volume of imports has also increased causing up to a $1.5  billion trade deficit, accordion to data from the Ministry of Commerce. 

Written by Ko Myo


ကိုဗစ်ကပ်ရောဂါဆိုးကြီး ဖြစ်ပွားလျက်ရှိသော် လည်း အရည်အသွေးမြင့်ကောက်ပဲသီးနှံများ ပြည်ပအဝယ်လိုက်မှုကြောင့် မြန်မာ့ကုန်သွယ် ရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ကိုဗစ်-19 ကပ်ရောဂါကို ၂၀၂၀ခုနှစ်အစပိုင်းမှ စတင်ကာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးရွားသော ရိုက်ခတ်မှုများဖြစ်ပေါ်စေခဲ့သည်။ 

ယင်းအခြေအနေများ ဖြစ်ပေါ်နေသော်လည်း  မြန်မာ့အရည်အသွေးမြင့် ကောက်ပဲသီးနှံများမှာ ဝယ်လိုအားမြင့်တက်လျက်ရှိခြင်းကြောင့် ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့ပြီး နိုင်ငံ့စီးပွားရေး တိုးတက်စေရန် အထောက်အပံ့ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာ့ပို့ကုန်ဝင်ငွေ သည် ယခင်နှစ်ကထက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တိုးတက်ခဲ့ကာ သြဂုတ်လကုန်အထိ ကုန်သွယ်ဝင်ငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုးတက်မှုများအတွက်အဓိကကုန်သွယ် မှု ပြုလုပ်ခဲ့သည့် နိုင်ငံများမှာ ဘင်္ဂလား‌ဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေသည် ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ပမာထက် သွင်းကုန်ပမာဏ မြင့်တက်နေခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img