Myanmar Goods to Get Own Barcodes

0
762

by Ei Thandar Tun

Myanmar products can now have their own barcodes, starting with the country prefix 883. This is possible because the country last year became a member of GS1, which manages the international barcode system and licenses barcodes for use globally.
GS1 Myanmar was officially launched on February 22 at the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) in Yangon.
“We have been trying to have barcodes for our products for years,” UMFCCI president U Zaw Min Win said at the launch event. “Since we didn’t have our own barcodes, we have had to buy them from other countries. This has been a disadvantage for our products because we have had to sell them as produced by the country of the barcode. Now that we have barcodes, our products need to meet the quality standards,”
Myanmar companies can now buy barcodes from Myanmar Barcode Association. Some 300 companies have connected with the association.
Manufacturers will need to buy a number of barcodes based on product category and other specifics. Barcodes have a lifespan of one year.
“Let’s say you produce beverages and have five products. You can’t buy only five barcodes. You need to buy a number of barcodes based on bottle size and product flavor,” Myanmar Barcode Association secretary U Than Htike Lwin told Myanmar Business Today.
A barcode has 12 digits, the first three being the country prefix and the last nine representing a particular product and manufacturing company.
Myanmar Barcode Association was jointly formed by Myanmar Manufacturers Association, Myanmar Retailers Association and Myanmar Food Producers and Exporters Association with the aim of advancing the GS1 Myanmar barcode.


ပြည်တွင်းထုတ် ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် ကိုယ်ပိုင် Bar Code နံပတ် ၈၈၃ ဖြင့် စတင် ဖြန့်ဖြူးနိုင်မည်

ပြည်တွင်းထုတ်ကုန်များ ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံပိုင် Bar Code နံပတ် ၈၈၃ ကိုအသုံးပြုကာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲနေသည့် ဘားကုတ်နှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးနေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် GS 1 တွင် မြန်မာနိုင်ငံသည် ယမန်နှစ်မှစတင်ကာ အဖွဲ့ဝင်ဖြစ်လာပြီး  အဆိုပါ ဘားကုတ်နံပတ် ၈၈၃  ကို မြန်မာနိုင်ငံထုတ်ကုန်စည်များအတွက် ကိုယ်ပိုင်ကုဒ်နံပတ်ရရှိခဲ့သည်။

ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေမည့် GS1 Myanmar မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် မိတ်ဆက်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ ဘားကုန်တံဆိပ် တပ်ဆင်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်။ အရင်ကဆိုရင် မြန်မာနိုင်ငံက ထုတ်ကုန်တွေက သူများနိုင်ငံက ဘားကုတ်ကို ဝယ်ယူ အသုံးပြုရတဲ့အတွက် ကိုယ်နိုင်ငံက ပစ္စည်းတွေက သူများ နိုင်ငံထုတ်အနေနဲ့ ရောင်းရတဲ့အတွက် နိုင်ငံအတွက် နစ်နာမှုတွေရှိပါတယ်။ ဒါကြောင့်အခုလို ကိုယ်ပိုင် ဘားကုတ်နဲ့ တင်ပို့နိုင်ပြီဖြစ်တဲ့အတွက် ထုတ်ကုန်ပစ္စည်းတွေကလည်း စံချိန်စံညွှန်းတွေ မှီဖို့ လိုအပ်လာပါပြီ” ဟု UMFCCI မှ ဥက္ကဌ ဦးဇော်မင်းဝင်းက ပြောသည်။

ယခင်က ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့မည်ဆိုပါက ကိုယ်ပိုင် Barcode နံပတ်မရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတို့မှ Barcode နံပတ်များကို ဝယ်ယူ၍ ကုန်ပစ္စည်းများကို တင်ပို့ရောင်းချခဲ့ရသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဘားကုတ်နံပတ် ၈၈၃ ကို ရရှိပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ယခင်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံမှ ကုတ်နံပတ် ဝယ်ယူရန်မလိုဘဲ မြန်မာနိုင်ငံ ဘားကုတ်အသင်းတွင် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ကုမ္ပဏီ ၃၀၀ ဝန်းကျင်က ဘားကုတ်အသင်းနှင့်လာရောက်ချိတ်ဆက်ဝယ်ယူထားကြောင်း သိရသည်။

ဝယ်ယူရာတွင် မိမိထုတ်ကုန် အရေအတွက်အမျိုးအစား ပေါ်မူတည်၍ ဘားကုတ်နံပတ် များစွာ ဝယ်ယူရမည်ဖြစ်ပြီး ဝယ်ယူထားသည့် ဘားကုတ်နံပတ်များသည် တစ်နှစ်သက်တမ်းသာ ပါရှိမည့်ဖြစ်သည့်အတွက် တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည် သက်တမ်းတိုး ဝယ်ယူရမည်ဖြစ်သည်။

“ အအေးထုတ်တဲ့ ကုမ္ပဏီဆိုရင် အအေး အမျိုးအစား ငါးမျိုးထုတ်တယ်ဆိုရင် ဘားကုတ် ၅ခုဘဲ ဝယ်လို့မရဘူး။ ဗူးရဲ့ ဆိုဒ်ပေါ်မူတည်ပြီး ဗူးကြီးဆိုရင် နံပတ်တစ်ခု ဗူးသေးဆိုရင် နံပတ်တစ်ခု အရသာ တစ်ခုကို နံပတ်တစ်ခုစီ ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ် ” ဟု မြန်မာဘားကုတ်အသင်းမှ အတွင်းရေးမှူး ဦးသန်းထိုက်လွင်က MBT သို့ ပြောသည်။

ဘားကုတ်တွင် နံပတ်အရေအတွက် ၁၂လုံးပါဝင်ပြီး အရှေ့မှ သုံးလုံးသည် ထုတ်လုပ်သည့် နိုင်ငံကို ကိုယ်စားပြုသည့် နံပတ်ဖြစ်ပြီး နောက်တွင် ကျန်ရှိနေသည့် နံပတ်ကိုးလုံးသည် ထုတ်လုပ်သည့် ကုမ္ပဏီနှင့် ကုန်ပစ္စည်းကို ခွဲခြားသိရှိနိုင်ရန် ထည့်သွင်းထားခြင်းဖြစ်သည်။

ပြည်တွင်းထုတ် ကုန်ပစ္စည်းများတွင် GS1 Barcode ကို မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ဘားကုတ်နံပတ် (Prefix) ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ရန်၊ GS1 Global အဖွဲ့ဝင်ဖြစ်ရန် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့ ပူးပေါင်း၍ Myanmar Barcode Association ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleLeading the Charge in Myanmar’s Evolving Banking Landscape
Next articleCorporate Governance Order for Public, Listed Companies in the Works