Zin Thu Tun/Myanmar Business Today
Myanmar recently played host to the 10th Regional Policy Dialogue on Technical and Vocational Education and Training (TVET), during which senior officials from ASEAN member states discussed TVET quality development and quality assurance.
The Ministry of Education hosted the event at Wyndham Grand Yangon Hotel during November 14-15 with assistance from the ASEAN Quality Assurance Network (AQAN) and German Corporation for International Cooperation (GIZ).
Strengthening the quality and relevance of TVET in Myanmar is one of the main strategies under the National Education Strategic Plan (NESP) for 2016-2021, Dr. Aye Myint, Director General of the Department of Technical and Vocational Education and Training under the Ministry of Education, said at the event.
“High-quality technical and vocational education and training (TVET) that equips Myanmar’s economy with a skilled and competitive workforce is vital for sustainable socio-economic development,” said the official.
Advancement of quality TVET transformation and regional quality assurance and recognition are priority areas of the ASEAN Work Plan on Education 2016-2020.
“This event is of particular importance to AQAN since not much attention has been paid to quality assurance for TVET so far. Yet it should be admitted that quality assurance for TVET is equally challenging as, or even more challenging than, that of higher education. Buy-in support and commitment from pertinent policy makers are therefore of utmost importance,” said Professor. T. Basaruddin, President of ASEAN Quality Assurance Network (AQAN).
Some 80 participants engaged in the discussions, including senior education and labor officials from ASEAN member states, representatives from the private sector and international and regional stakeholders.
(၁၀)ကြိမ်မြောက် ဒေသဆိုင်ရာနည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေးကဏ္ဍမူဝါဒဆွေးနွေးပွဲ နှစ်ရက်တိုင်ကျင်းပ
(၁၀)ကြိမ်မြောက် ဒေသဆိုင်ရာနည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေးကဏ္ဍမူဝါဒဆွေးနွေးပွဲကို ရန်ကုန်တိုင်း ၊Wyndham Grand Yangon Hotel ၌ နိုဝင်ဘာ(၁၄)နှင့် (၁၅)နှစ်ရက်တိုင်တိုင် ကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် နိုင်ငံတွင်းရှိ သက်မွေးနည်းပညာကဏ္ဍတိုးတက်စေရန်၊ အရည်အသွေးမြင့် လုပ်သားများ ပေါ်ပေါက်စေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အာဆီယံအရည်အသွေးအာမခံချက်ဆိုင်ရာ ကွန်ရက်(ASEAN Quality Assurance Network-AQAN)နှင့် ဂျာမာန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(GIZ) အဖွဲ့တို့ ပူးပေါင်းပါဝင်သည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၏ အရည်အသွေးမြင့်မားရေးသည် နိုင်ငံတော် အဆင့်(၂၀၁၆-၂၀၂၁) အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းတွင် အဓိကမဟာဗျူဟာတစ်ရပ်အဖြစ် ထည့်သွင်းထားသည်ဟု ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အခမ်းအနားတွင်ဆိုခဲ့သည်။
“ ကိုယ့်နိုင်ငံမှာလုပ်နေတဲ့ မူဝါဒတွေနဲ့ အာဆီယံနိုင်ငံအသီးသီးကလုပ်ဆောင်နေတဲ့ မူဝါဒတွေ တစ်တန်းထဲ ဖြစ်အောင် ပြုပြင်ပြောင်းလဲရမယ့်ဟာတွေ၊ ညှိနှိုင်းဆောင်ရွက်ရမဲ့ဟာတွေကို ဆွေးနွေးတာဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။
ယင်းဆွေးနွေးပွဲ၌ “အာဆီယံဒေသတွင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ အရည် အသွေးတိုးမြင့်စေရန် အရည်အသွေးတိုးတက်မှုနှင့် အရည်အသွေးအာမခံချက်ရရှိရေးလေ့ကျင့် ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။
“ ဒီဆွေးနွေးပွဲဟာ AQAN အတွက်အလွန်ဘဲ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ (Technical and Vocational Education and Training) TVETကဏ္ဍ အရည်အသွေးအာမခံချက်ရှိရေးကိစ္စကို သိပ်အာရုံမစိုက်ဖြစ်ခဲ့ဘူး။ တကယ်တော့ ဒီကဏ္ဍဟာ အဆင့်မြင့် ပညာရေးအတွက် အရည်အသွေးမြင့်မာရေးကိစ္စနည်းတူ ဒါမှမဟုတ်၊ ဒီထက်မက စိန်ခေါ်မှုတွေရှိနေတယ် လို့ဆိုရမှာပါ” ဟု အာဆီယံအရည်အသွေး အာမခံချက်ဆိုင်ရာကွန်ရက်(ASEAN Quality Assurance Network-AQAN) ဥက္ကဌ၊ ပါမောက္ခတီဘာစာရုဒင်က ပြောသည်။
၂၀၂၀ပြည့်နှစ်၌ မြန်မာနိုင်ငံအနေဖြင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍအပေါ် ကိုယ်ပိုင်သုံးသပ်ချက်ပြုလုပ်သောအစီရင်ခံစာရရှိရန် ဂျာမာန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(GIZ)က မျှော်မှန်းထားသည်။