HomeBusinessMyanmar imports over a quarter-million tons of fuel in October

Myanmar imports over a quarter-million tons of fuel in October

Myanmar has imported over a quarter-million tons of diesel and gasoline in October through sea route as the consumption has increased in open season, according to the data from the Ministry of Commerce.

On October 4, the country imported 48,390.86 tons of diesel worth $16.096 million while it imported 47,950.61 tons of gasoline worth $16.4286 million and 16,942.97 tons of diesel worth $5.749 million between October 4 and 10. 

It also imported 23,922.51 tons of gasoline worth $8.307 million tons on October 18. 

Moreover, the country also imported 86,683.22 tons of diesel worth $29.002 million and 14,505.05 tons of gasoline worth $5.147 million tons between October 18 and 24. 

From October 25 and 31, it imported 7,143.93 tons of diesel worth $2.456 million tons and 12,944.47 tons of diesel worth $6.896 million. 

Domestic fuel prices remain stable until the second week of November when the oil price jumps around K20 per liter reaching K515 per liter of 92 Octane, K625 per liter of 95 Octane, and K565 per liter of premium diesel. 

Written by Ko Myo


မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် အောက်တိုဘာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ ဓာတ်ဆီနှင့်ဒီဇယ် တန်ချိန် နှစ်သိန်းခွဲကျော်ကို ပြည်ပမှ မှာယူတင်သွင်း ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် ပြည်တွင်းစက်သုံးဆီအသုံးပြုမှု မြင့်တက်လာ သဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်း မှစက်သုံးဆီများကို အပတ်စဉ် မှာယူတင်သွင်း နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ သတင်းများအရ အောက်တိုဘာ ၄ရက်တွင် အမေရိကန်ဒေါ်လာ ၁၆ဒသမ ဝ၉၆သန်းတန်ဖိုးရှိ ဒီဇယ် ၄၈၂၉ဝ ဒသမ ၈၆တန်ကို လည်းကောင်း အောက်တိုဘာ ၄ရက်မှ ၁ဝရက်အတွင်း အမေ ရိကန်ဒေါ်လာ ၁၆ဒသမ ၄၂၈၆ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၄၇၉၅ဝ ဒသမ ၆၁တန်နှင့် အမေရိကန် ဒေါ်လာ ၅ဒသမ ၇၄၉သန်းတန်ဖိုး ရှိ ဒီဇယ် ၁၆၉၄၂ဒသမ ၉၇တန် စုစုပေါင်း ဒီဇယ်နှင့် ဓာတ်ဆီ တန်ချိန် ၆၄၈၉၃ ဒသမ၅၈တန်ကို လည်းကောင်း အောက်တိုဘာ ၁၈ရက်တွင် အမေရိကန်ဒေါ်လာ ၈ဒသမ ၃ဝ၇သန်း တန်ဖိုးရှိ ဓာတ်ဆီ ၂၃၉၂၂ ဒသမ၅၁တန်ကိုလည်းကောင်း တင်သွင်းခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၁၈ရက်မှ ၂၄ရက် အတွင်း အမေရိကန် ဒေါ်လာ ၂၉ဒသမ ဝဝ၂ သန်း တန်ဖိုးရှိ ဒီဇယ် ၈၆၆၈၃ ဒသမ ၂၂တန်နှင့် အမေရိကန်ဒေါ်လာ ၅ဒသမ ၁၄၇သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၄၅ဝ၅ဒသမ ဝ၅တန် လည်းကောင်း 

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂ဒသမ ၄၅၆သန်းတန်ဖိုးရှိ ဒီဇယ် ၇၁၄၃ဒသမ ၉၃တန်နှင့် အမေ ရိကန်ဒေါ်လာ ၆ဒသမ၈ ၉၆သန်း တန်ဖိုးရှိ ဓာတ်ဆီ ၁၂၉၄၄ဒသမ ၄၇တန် စုစုပေါင်း ဒီဇယ်နှင့် ဓာတ်ဆီတန်ချိန် ၂ဝဝ၈၈ဒသမ ၄တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရ သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img