HomeBusinessMyanmar keeps fishery industry running to safeguard supply

Myanmar keeps fishery industry running to safeguard supply

ပြည်တွင်း၊ ပြည်ပ ငါးရိက္ခာပြတ်လတ်မူမှရိစေရေး ငါးပုစွန်မွေးမြူရေးနှင့် ဖမ်းဆီး၊ ထုတ်လုပ်ရေးများ ဆက်လက်ဆောင်ရွက်နေ

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမူ ထိန်းချုပ်နေသည့် ကာလအတွင်း ပြည်တွင်း နှင့် ပြည်ပ ငါးရိက္ခာပြတ်လတ်မူမရှိစေရေးအတွက် ငါးပုစွန်မွေးမြူရေးနှင့် ဖမ်းဆီးရေး လုပ်ငန်းများ၊ အအေးခန်းစက်ရုံများ၊ ဆိပ်ကမ်းများ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်းဒေသများတွင် တည်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေများ ဆိုက်ကပ်၍ ငါးတင် ၊ ငါးချသည့် လုပ်ငန်းများဆောင်ရွက်သည့် ဆိပ်ကမ်းများရှိသည်။ အဆိုပါ ဆိပ်ကမ်းများမှ ဖမ်းဆီးရမိသော ငါး ၊ ပုစွန်များကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပ တင်ပို့ရောင်းချရန် လက်ကားစနစ်ဖြင့် ဖြန့်ဖြူးလျက်ရှိသည်။

ငါးပုစွန်များကို အေးခဲထိန်းသိမ်းရန်နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အအေးခန်း စက်ရုံ (၇၃) ရုံ ၊ တနင်္သာရီတိုင်းအတွင်း စက်ရုံ (၂၀) ရုံ ၊ ဧရာဝတီတိုင်းတွင်း (၈) ရုံ ၊ မွန်ပြည်နယ်အတွင်း (၆) ရုံ ၊ ရခိုင်ပြည်နယ်တွင် (၁၃) ရုံနှင့် ရှမ်းပြည်နယ်တွင် (၁) ရုံ စုစုပေါင်း အအေးခန်းစက်ရုံ (၁၂၃) ဖွင့်လှစ်ထားရှိပြီး ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များနှင့် မွေးမြူထုတ်လုပ်သည့် ငါးပုဇွန်မျာ်ကို ပြုပြင်ထုတ်လုပ်အေးခဲသိုလှောင်ကာ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပ တင်ပို့နိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ထို့ပြင် COVID-19 ရောဂါ ထိန်းချုပ်ရေးကာလအတွင်း သက်ဆိုင်ရာကော်မတီများ ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များမှ လက်တလော ချမှတ်ထားသည့် စည်းကမ်းချက်များကို ငါးပုဇွန်မွေးမြူရေးနှင့် ဖမ်းဆီးရေး လုပ်ငန်းများ လက်ကားငါးစျေးကြီးများ ၊ ငါးဖမ်းစက်လှေ ဆိပ်ကမ်းများ ၊ ပြုပြင်ထုတ်လုပ်ရေးနှင့် အအေးခန်းစက်ရုံများ ငါးပိ ၊ ငါးခြောက်ထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် အတိအကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများ၏ စစ်ဆေးခြင်း ခွင့်ပြုချက်ရယူခြင်း စသည့် လုပ်ငန်းများကိုလည်း လုပ်ငန်းခွင်လုပ်ကိုင်ဆောင်ရွက်မူ အမြဲမပြတ် ဦးစားပေး အစီစဥ်ဖြင့် စစ်ဆေးမူများကို ခံယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img