(English text below)
စင်ကာပူနိုင်ငံတွင် Covid-19ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရန်လုပ်ဆောင်ထားသော Circuit Breaker ကာလအား ဇွန်လ(၁)ရက်အထိ တိုးမြှင့်ထားသောကြောင့် မြန်မာ့အမျိုးသားလေကြောင်း၏ စင်ကာပူခရီးစဉ်ကို ယင်းကာလအထိ ဖျက်သိမ်းသွားမည်ဟု ကြေညာခဲ့သည်။
ယင်းအတွက်ကြောင့် ဝယ်ယူထားသောလေယာဉ်လက်မှတ်များအား ကျသင့်ငွေအပြည့်အဝပြန်လည် ပေးအပ်မည်ဖြစ်ပြီး Free Date Change ပါ ပြုလုပ်ပေးမည်ဖြစ်သည်။
အထက်ပါခရီးစဉ်အပြင် ဘန်ကောက်၊ ချင်းမိုင်ခရီးစဉ်ကို ဧပြီလ(၃၀)ရက်အထိလည်းကောင်း၊ ဟောင်ကောင်ခရီးစဉ်ကို မေလ(၃၁)ရက်အထိ ဖျက်သိမ်းထားကြောင်း အဆိုပါလေကြောင်းလိုင်းက ကြေညာထားသည်။
ယင်းအပြင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် ပြည်ပခရီးစဉ်အပြင် ပြည်တွင်းခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန် ကန့်သတ်ထားသောကာလအတွင်း ဧပြီ(၃၀)ရက်အထိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
Myanmar National Airlines has cancelled flights to Singapore until June 1 as the Singapore has extended it Circuit Breaker period to contain the spread of virus to June 1.
The airline will refund the purchased ticket and offer free date change. In addition, it also cancelled the flights to Bangkok and Chang Mai until April 30 and Hong Kong until May 31.
The domestic flights will be cancelled until April 30 amid the spread of COVID-19.