Myanmar earned $9.1 billion from foreign trade in the first three months of the new fiscal year, an increase of over $2.6 billion from the same period a year earlier.
From October 1 to the last week of December, the country earned $4.56 billion from exports and imported $4.57 billion worth of goods, according to Ministry of Commerce data.
Exports of agricultural products brought in $875.6 million while fishery exports netted $252.9 million, extractive-industry exports $764 million, manufactured products $2.4 billion, animal products $46.6 million and other products 85.4 million.
Myanmar imported $1.4 billion worth of investment-related materials, $1.6 billion worth of industrial products, $849.4 billion worth of consumer products and $555.7 million worth of raw materials for garment manufacturing.
Foreign trade is estimated to reach $33 billion this fiscal year and trade deficit is projected to be $2 billion.
ဘဏ္ဍာနှစ် သုံးလတာအတွင်း ပြည်ပနိုင်ငံများနှင့် ကန်ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံကျော်ကုန်သွယ်ထား
၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အစ အောက်တိုဘာလမှ ဒီဇင်ဘာ စတုတ္တပတ်အထိ သုံးလတာအတွင်း ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံကျော်ကုန်သွယ်ထားပြီး ယခင်ဘဏ္ဍာနှစ် ၂၀၁၈–၁၉ ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျော်ပိုမိုရရှိထားကြောင်း သိရသည်။
ဘဏ္ဍာနှစ် သုံးလနီးပါးတွင် ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၆ ဘီလီယံကျော်တန်ဖိုးရှိသည့် ကုန်စည်များတင်ပို့ထားပြီး ပြည်ပနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိသည့် ကုန်စည်များ ပြန်လည်တင်သွင်းထားကြောင်း ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိရရှိထားသည့် ပို့ကုန်နှင့် သွင်းကုန်ပမာဏကို နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါးသာ ကုန်သွယ်မှှုလိုငွေရှိကြောင်း စာရင်းများကဖော်ပြထားသည်။
လက်ရှိ ဘဏ္ဍာနှစ် သုံးလနီးပါးအတွင်းတွင် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၈၇၅ ဒသမ ၆သန်း၊ ရေထွက်ကုန်ပစ္စည်း ကန်ဒေါ်လာ ၂၅၂ ဒသမ ၉သန်း ၊ သတ္တုတွင်းထွက်ပစ္စည်း ကန်ဒေါ်လာ ၇၆၄ သန်း၊ စက်မှုကုန်ချောပစ္စည်း ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း ကန်ဒေါ်လာ ၄၆ ဒသမ၆ သန်းနှင့် အခြားကုန်ပစ္စည်း ကန်ဒေါ်လာ ၈၅ ဒသမ ၇ သန်းကျော်တန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ထားကြောင်း သိရသည်။
ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ၊ လုပ်ငန်းသုံးကုန်ပစ္စည်း ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၈၄၉ ဒသမ ၄ သန်းကျော်ဖိုးနှင့် အထည်ချုပ်အတွက် ကုန်ကြမ်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၅၅၅ ဒသမ ၇ သန်းကျော်ပြန်လည် တင်သွင်းထားကြောင်း သိရသည်။
၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏမှာ ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံဖိုးအထိ ရှိမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လျာထားပြီး ကုန်သွယ်မှုလိုငွေအနေဖြင့် ၂ ဘီလီယံအထိ ရှိမည်ဟု လျာထားကြောင်း သိရသည်။