Ei Thandar Tun/Myanmar Business Today
Four in 10 Myanmar people are interested in adopting biometrics for payment and authentication, according to a recent Visa study of consumer perceptions, attitudes and behaviors.
Biometric systems including fingerprint, facial recognition, voice recognition, retinal scan and DNA recognition are increasingly used to complement or replace traditional authentication methods such as passwords or personal identification numbers (PIN). Some 52 percent of those surveyed want to use fingerprint while 17 percent are interested in facial recognition, nine percent want to use retinal scan and five percent want to use voice recognition.
“Given the evolving payment landscape, which has transformed the way consumers make payments, Myanmar consumers are clearly upbeat about technological advancements in payment solutions. We are encouraged and motivated that technology savvy Myanmar people recognize the benefits of using digital payments,’’ said Lillian Wang, Country Manager for Visa Myanmar.
The survey also shows that only one in 10 Myanmar people are aware of wearables such as smartwatches, wristbands and smart jewelry. However, half of the respond-ents are interested in using wearable technology to make payments.
Only one per cent of respondents have previously used AI chatbots for tasks such as making reservations, making payments and placing orders for goods and services. However, over 80 percent of people surveyed said they are at least somewhat comfortable with each of these functions.
The survey was conducted on 504 people in Yangon, Pathein, Mandalay and Magway.
Visaသည် မြန်မာနိုင်ငံသားများ၏ သဘောထားနှင့် သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း ဆန်းစစ်လေ့လာခဲ့ရာ လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူအားလုံး၏ ၄၀ ရာခိုင်နှုန်းသည် ငွေပေးချေမှုနှင့် စိစစ်အတည်ပြုခြင်းတို့အတွက် Biometrics နည်းလမ်းများကို ပြောင်းလဲအသုံးပြုရန် စိတ်ဝင်စားကြောင်း Visa၏ ထုတ်ပြန်ချက်အရ သိရသည်။
Biometrics နည်းလမ်းများမှာ လက်ဗွေရာ၊ မျက်နှာသွင်ပြင် လက္ခဏာများ၊ အသံ၊ မျက်ကြည်လွှာ၊ သွေးပြန်ကြော၊ DNA စသည်တို့ဖြင့် Scan ဖတ်ခြင်း၊ အသိအမှတ်ပြုခြင်းတို့ဖြစ်ပြီး လေ့လာဆန်းစစ်ချက်အရ Biometrics နည်းလမ်းများထဲမှ အသုံးအများဆုံးနည်းလမ်းများမှာ လက်ဗွေ Scanဖတ်ခြင်းကို ၅၂%၊ မျက်နှာသွင်ပြင် လက္ခဏများ အသိအမှတ်ပြုခြင်းကို ၁၇%၊ မျက်ကြည်လွှာ Scanဖတ်ခြင်းကို ၉%နှင့် အသံအသိအမှတ်ပြုခြင်းကို ၅% တို့ကို အသုံးပြုလိုကြသည်ဟု သိရသည်။
“ သုံးစွဲသူတွေရဲ့ ငွေပေးချေမှုပြုလုပ်တဲ့ပုံစံကို ပြောင်းလဲပေးနေတဲ့ အသစ်အသစ်သော ငွေပေးချေမှုနည်းလမ်းတွေကို ကြည့်ခြင်းအာဖြင့် မြန်မာနိုင်ငံက သုံးစွဲသူတွေဟာ ငွေပေးချေမှုနည်းလမ်းပိုင်းရဲ့ နည်းပညာတိုးတက်မှုတွေကို သဘောကျတယ်ဆိုတာကို သိနိုင်ပါတယ်။ နည်းပညာပိုင်း နားလည်တတ်ကျွမ်းမှုရှိနေပြီဖြစ်တဲ့ မြန်မာပြညသူတွေက ဒစ်ဂျစ်တယ်ငွေပေးချေမှု အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်လာတာကြောင့် ကျွန်မတို့အနေနဲ့ စိတ်အားတက်မိပါတယ်” ဟု Visa Myanmar မှCountry Manager ဖြစ်သူ Lillian Wang က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသားများအနေဖြင့် စမတ်နာရီ၊ လက်ပတ်နှင့် လက်စွပ် အစရှိသည့် ပစ္စည်းများဖြင့် လုပ်ဆောင်ရသည့် ငွေပေးချေမှုများအကြောင်းကို ဖြေဆိုသူ ၁၀ဦးလျှင် ၁ဦးသာ သိရှိထားသော်လည်း စစ်တမ်း၏ ဖြေဆိုသူထက်ဝက်ခန့်မှာ အဆိုပါနည်းပညာကို အသုံးပြု၍ ငွေပေးချေမှုများပြုလုပ်ရန် စိတ်ဝင်စားကြသည်ဟု စစ်တမ်းအရသိရသည်။
မြန်မာနိုင်ငံတွင် ငွေကြေးသုံးစွဲသူများသည် ကြိုတင်မှာယူမှုများ၊ ငွေပေးချေခြင်း၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများမှယူခြင်းကဲ့သို့သော လုပ်ငန်းဆောင်တာများအတွက် AI Chatbotများ အသုံးပြုဖူးသူ ၁%ခန့်သာ ရှိသော်လည်း စစ်တမ်းကောက်ယူခဲ့သော လူဦးရေ ၈၀%မှာ အဆိုပါလုပ်ဆောင်ချက်ကို သဘောကျနှစ်သက်ကြကြောင်း Visa၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Visa ၏ အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူခြင်းကို ရန်ကုန်၊ ပုသိမ်၊ မန္တလေးနှင့် မကွေးမြို့ကြီးများရှိ လူဦးရေ ၅၀၄ဦးကို တွေ့ဆုံမေးမြန်းကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။