Written by Linn Thit
The Ministry of Health and Sports, aiming to improve healthcare services of the hospitals in border areas at the face of a pandemic, has proposed its plan to borrow $30 million from Asia Development Bank to Pyidaungsu Hluttaw on May 27.
It will utilize the loans in preparing and offering healthcare services in remote places and reaching to people difficult to have access to healthcare services.
The ministry will borrow the loan with a one percent annual interest rate in eight years of the grace period and 24 years of payment with a 1.5 percent annual interest rate.
Upon receiving the loans, it will start implementing the project in July this year until September 2022, using the loans to upgrade emergency care units, manage medical waste, procure medical equipment, and enhance the transmittable disease prevention and control.
The Ministry of Health and Sports has borrowed a total of $127.806 million and used $75.806 million the loans.
In the same session, the parliament also approved the proposal of the Ministry of Planning, Finance, and Industry to borrow $60 million from ADB bank for the development of small and medium enterprises.
ကူးစက်ရောဂါဖြစ်ပွားပါက နယ်စပ်ဒေသရှိ ဆေးရုံများ၌ အရည်အသွေးမြင့် ကုသရေး ၀န်ဆောင်မှုကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း၃၀ ရယူရန်အတွက် မေလ ၂၇ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း၃၀ ချေးငွေရယူမည်ဖြစ်ပြီး ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းမှာ ဝေးလံသည့် ဒေသများတွင် ပြည်သူများ ကူးစက်ရောဂါဖြစ်ပွားပါက ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိစေရန်အတွက် ယခုကဲ့သို့ ချေးငွေရယူခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။
အာရှဖွံ့ဖြိုးရေး ဘဏ်မှ ရယူမည့် ချေးငွေ၏ သက်တမ်းတွင် ဆိုင်းငံ့ကာလ ၈နှစ် ပါ၀င်ပြီး အဆိုပါ ဆိုင်းငံ့ကာလတွင် အတိုးနှုန်း ၁%နှင့် ပြန်ဆပ်ကာလ ၂၄နှစ်တွင် အတိုးနှုန်း ၁.၅% ပေးသွင်းရမည်ဖြစ်သည်။
ချေးငွေရရှိပါက စီမံကိန်းကာလကို ယခုနှစ် ဇူလိုင်လမှ ၂၀၂၂ခုနှစ် စက်တင်ဘာလအထိ သတ်မှတ်ထားပြီး ယင်းစီမံကိန်းတွင် ခက်ခဲဒေသများနှင့် နယ်စပ်ဒေသများရှိ ဆေးရုံများတွင် အရေးပေါ်ကုသမှုကဏ္ဍ အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံထွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ပစ္စည်းများ၀ယ်ယူခြင်းနှင့် လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ ရောဂါကူးစက်မှု ကာကွယ်ရေး လုပ်ငန်းများဖြည့်ဆည်းခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ပြည်ပချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၇.၀၅၃သန်း ရယူထားပြီး ယင်းချေးငွေများအနက်မှ အမေရိကန်ဒေါ်လာ ၇၅.၈၀၆သန်းကို ထုတ်ယူသုံးစွဲထားကြောင်း သိရသည်။