Home Business Myanmar Plans to Reopen to Asian Travellers in October

Myanmar Plans to Reopen to Asian Travellers in October

Myanmar, like many other countries, has shut down it’s the tourism industry since the emergence of the Covid-19 and is now planning to relaunch the industry for foreigners by allowing travelers from ASEAN and Asia in the fourth quarter this year, according to the Vice President U Henry Van Thio, who chairs National Committee for Tourism Department.

The country also plans to set up ‘travel bridge’ to countries such as Laos and Cambodia, to which Myanmar doesn’t have direct flights and establish a ‘travel bubble’ with Thailand And Vietnam, to which Myanmar has direct flights.

Moreover, the country eyes to expand its tourism with countries such as Japan, Hong Kong, Macao, and Korea, who can now control the virus.

The vice president said that travelers in new normal in post-Covid-19 times will prefer natural tourism, ethnic tourism, and environmental tourism than crowded city life, and therefore Myanmar’s need to create a new form of tourism.

In the 2018-2019 fiscal year, foreign travelers spent over $2 billion in Myanmar, where tourism directly or indirectly created 300,000 jobs for local people. In January, Myanmar received 183,416 foreign travelers entering the country through air travel in January this year and the number slumped to 82. The first three months of 2020 saw a 22 percent drop in the number of foreign travelers.

Myanmar has developed the Tourism Strategic Road Map containing three phases: surviving, reopening, and relaunching with the plan to resume the industry with domestic tourism.

Written by Tayzar Bhone Myint/ Translated by Min Thu Aung


မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို စတုတ္တသုံးလပတ်တွင် အာဆီယံနိုင်ငံများ အာရှနိုင်ငံများဖြင့် ပြန်လည်စတင်ရန် ရည်ရွယ်ထားကြောင်း အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ရေးဗဟိုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောသည်။

မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်းမရှိသော လာအို၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်ခရီးသွား လာခြင်းကို Travel Bridge လုပ်ဆောင်မည်ဖြစ်ကာ တိုက်ရိုက်လေကြောင်းရှိသော ထိုင်း၊ ဗီယက်နမ် နိုင်ငံများနှင့် Travel Bubble လုပ်ဆောင်မည်ဖြစ်ကြောင်း ဒုတိယသမ္မတကဆိုသည်။

ထို့အပြင် Covid – 19 ထိန်းချုပ်နိုင်နေပြီဖြစ်သော ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ မကာအို နိုင်ငံများဖြင့် ခရီးသွားလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်မည်ဟုလည်းသိရသည်။

Covid – 19 အလွန်ကာလ New Normal တွင် ခရီးသွားများ၏ ရွေးချယ်မှုသည် ယခင်ကနှင့်မတူ ပြောင်းလဲသွားကာ လူများပြည့်ကျပ်နေသည့် မြို့ပြဘဝများထက် social distancing ဖြင့်နေထိုင်သွားလာခြင်းများ၊ Natural Tourism၊ Ethnic Tourism၊ Environmental Tourism ကဲ့သို့ သော ခရီးသွားလာခြင်း မျိုးကိုပိုမိုလိုလား ကြမည်ဟု မျှော်လင့်ကြောင်းဒုတိယသမ္မတက ပြောသည်။ ထိုကြောင့်ခရီးသွားလာမှု ပုံစံသစ်ကိုဖော်ဆောင်ရမည်ဟုလည်း၄င်းကပြောသည်။

၂၀၁၈ − ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံကိုလာရောက်ခဲ့သော ပြည်ပခရီးသွားများ၏ သုံးစွဲငွေသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိခဲ့သည်။ မြန်မာနိုင်ငံတွင်ဟိုတည်နှင့်ခရီးသွားလုပ်ငန်းက တိုက်ရိုက်အလုပ်ပေးထားသူ တစ်သိန်းနီးပါရှိကာ သွယ်ဝိုက်အလုပ်လုပ်ကိုင်ရသူ နှစ်သိန်းနီးပါးရှိသောကြောင့် ပြည်သူသုံးသိန်းနီးပါး မှီခိုသူမိသားစု အားကိုးနေသောလုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံ သို့ ၂၀၂၀ ဇန်နဝါရီတွင် လေကြောင်းမှဝင်ရောက်ခဲ့သော ပြည်ပခရီးသွား ၁၈၃၄၁၆ ဦးရှိခဲ့ပြီး ဧပြီလတွင် ၈၂ သာရှိခဲ့သည်။ ဇန်နဝါရီမှ မေလထိ နိုင်ငံတကာခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်အလားတူကာလထက် ၅၅ ရာခိုင်နှုန်းလျော့ကျခဲ့သည်။

 မြန်မာနိုင်ငံသည် covid-19 အလွန် ကာလတွင် ခရီးသွားလုပ်ငန်းအား ပြန်လည် အသက်သွင်းရန်အတွက် ဆက်လက်ရပ်တည်နိုင်ရေး၊ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ပြန်လည်ဖိတ်ခေါ်ခြင်းဟူသော အဆင့်သုံးဆင့် ပါသည့် Tourism Strategic Road Map ကို ချမှတ်ဆောင်ရွက်နေသည်။ ထို့အပြင် covid-19 အလွန်ကာလတွင် ခရီးသွားလုပ်ငန်းကို စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစွာလုပ်ကိုင်သွားရန် ရည်ရွယ်ထားသည်။

၂၀၂၀ နှစ်၏ ပထမ ၃ လပတ်အတွင်း နိုင်ငံတကာခရီးသွားအရေအတွက် ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့ ပြီး မတ်လ ၁ လ တည်းတွင် ၅၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ခရီးသွားအရေအတွက် ကျဆင်းမှု အများဆုံးသည် အာရှ နှင့် ဥရောပနိုင်ငံများဖြစ်သည်။

- Advertisment -

Must Read

Microsoft expands “Highway to a 100 Unicorns” initiative to support startups...

Microsoft for Startups launches the Highway to a 100 Unicorns initiative in the Asia Pacific to strengthen the region’s startup ecosystem. This follows the initiative’s success...