Tin Mg Oo/Myanmar Business Today
Illicit trade in Myanmar remains high because the country is still trying to strengthen the rule of law while trying to gain peace, said Deputy Minister of Commerce U Aung Htoo in remarks at the December 2 session of the upper house of parliament.
Myanmar is ranked 82nd out of 84 countries on the Global Illicit Trade Environment Index 2018, the latest edition of the index which measures the extent to which a country enables illicit trade either through action or inaction.
Seeking to move up the rankings, the President’s Office formed the Anti-Illicit Trade Steering Committee on June 25 to strengthen collaboration between relevant government agencies.
Task forces have been formed to combat illicit trade in border regions and states and to date, some K15.6 billion worth of illegal goods have been seized in a total of 1,065 cases. In addition, the crackdown on illegal logging has resulted in the confiscation of over 100,000 tons of logs between 2016 and 2019. Measures are also being implemented to curb illegal mining of gold and other precious metals.
Citing illicit trade’s undermining effects on food safety and market competition, the government is focusing its crackdown efforts on nine border regions and states, namely Chin State, Shan State, Kayah State, Karen State, Mon State, Kachin State, Rakhine State, Tanintharyi Region and Sagaing Region.
Myanmar Summary
တရားမဝင်ကုန်သွယ်မှှု အညွှန်းကိန်းအရ မြန်မာက အဆင့် ၈၂ တွင်ရှိနေ
ကမ္ဘာလုံးဆိုင်ရာ Illicit Trade Environment Index 2018 စာရင်းအရ မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းသည် ကမ္ဘာ့နိုင်ငံပေါင်း(၈၄) နိုင်ငံအနက် အဆင့် (၈၂)တွင်ရှိနေကြာင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒီဇင်ဘာလ ၂ ရက်တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြောသည်။
“ တရားမတင်ကုန်သွယ်မှှုတွေ များနေရတာကတော့ မြန်မာနိုင်ငံတစ်ဝှမ်း တရားဥပဒေစိုးမိုးမှှု ရရှိအောင် ကြိုးစားနေဆဲဖြစ်ခြင်း ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေဆဲဖြစ်ခြင်း စတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။
တရားမဝင်ကုန်သွယ်မှှုတားဆီးရေးနှင့်ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်နေသည့် ပြည်နယ် တိုင်းဒေသကြီး ကိုးခုတွင် တရားမဝင်ကုန်သွယ်မှှု တိုက်ဖျက်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး တားဆီးမှှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကရှင်းပြခဲ့သည်။
ယခင်ဘဏ္ဍာရေးနှစ်တစ်နှစ်လုံးတွင် တရားမဝင်ကုန်သွယ်မှှုဖမ်းဆီးရမိမှှု အကြိမ် ၁၀၆၅ ကြိမ် ၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၅ ဒသမ ၆ ဘီလီယံ ဖိုး ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။ တရားမဝင်ကုန်သွယ်မှှု အညွန်းကိန်းမြင့်မားနေခြင်းနှင့် ပတ်သက်ကာ နိုင်ငံအဆင့်တွင် ဌာန အချင်းချင်းကြား ပူးပေါင်းမှှု မြှင့်တင်ရန် တရားမဝင်ကုန်သွယ်မှှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကိုလည်း နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ဇွန်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ထို့ပြင် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးယူပပျောက်စေရေး အတွက် နည်းလမ်းမျိုးစုံဖြင့် လည်း တားဆီးဆောင်ရွက်လျက်ရှိရာ ၂၀၁၆− ၂၀၁၇ မှ ၂၀၁၈−၂၀၁၉ အထိ တရားမဝင်သစ်မျိုးစုံ တန်ချိန် တစ်သိန်း ၁၀၀၈၃၈တန်ကျော်ကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်သည်။ ထို့ပြင် ရွေနှင့် ဓာတ်သတ္တု များ တရားမဝင်တူးဖေါ်နေမူများ ကာကွယ်တားဆီးဖမ်းဆီးနိုင်ရေး စီမံချက် များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြောသည်။
နယ်စပ်မှတဆင့်တရားမဝင်ကုန်သွယ်ရေးလမ်းကြောင်းရှိနေသည့် တိုင်းနှင့်ပြည်နယ်ကိုးခုမှာ ချင်းပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ်နှင့် တနသာၤရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှှုကြောင့်စားသုံးသူအခွင့်အရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှှုအတွက်လည်း အားနည်းချက်ဖြစ်စေသည်။