U Kyaw Tin, Union Minister of the Ministry of International Cooperation, has requested China for early access to the COVID-19 vaccine.
“We need to increase collaboration between the developing country to respond to the health challenges we are facing and fight all forms of poverty. Myanmar is continuing its fight against the COVID-19 using the limited resources it has. We warmly welcome the decision of China to distribute the vicine to the world once it is available. And we would like to request China for early access to the vaccine,” he said.
He made the comment during the senior level video conference on Poverty Alleviation and Collaboration Between Developing Countries held on September 26.
State Councilor and Foreign Minister of China Wang Yi chaired the conference which was held under the slogan “Shared Future for Developing Country: Poverty Alleviation and Strengthen Cooperation between Developing Country through Sustainable Development’.
Ms. Amina Mohammed, Deputy General Secretary of UN, Mr. Liu Zhenmin, the Under-Secretary-General for the United Nations Department of Economic and Social Affairs, Mr. Achim Steiner, the Administrator of UNDP, and deputy prime ministers and ministerial-level delegates from 13 developing countries.
According to data from the Ministry of Health and Sports as of 8:00 p.m, September 29, there are 12,425 confirmed cases with 3,391 recovered and 284 deaths.
Written by Ko Myo
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာ ဖြင့် စောစီးစွာရရှိရေးအတွက် တရုတ်နိုင်ငံအား မေတ္တာရပ်ခံကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကပြောကြားလိုက်သည်။
“လက်ရှိကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများတုံ့ပြန်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပုံစံ မျိုးစုံကို တိုက်ဖျက်ရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လိုအပ်နေပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အရင်း အမြစ် အကန့်အသတ်များကြားမှ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ကမ္ဘာ့ ပြည်သူများ အသုံးပြုနိုင်မည့် ကာကွယ်ဆေး အဖြစ် ဖြန့်ဝေပေးရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ကိုဗစ်-၁၉ ကာကွယ ်ဆေးကို ဈေးနှုန်းချိုသာစွာဖြင့် စောစီးစွာရရှိရေး အတွက် တရုတ်နိုင်ငံအား မေတ္တာရပ်ခံပါတယ်”ဟု ဦးကျော်တင်က ပြောကြားသည်။
စက်တင်ဘာ ၂၆ ရက် ည ၇ နာရီခွဲတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် အစည်း အဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးကို “ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အေးအတူပူအမျှ အနာဂတ်ဆီသို့ – ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးမှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး” ခေါင်းစဉ် ဖြင့် ကျင်းပပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်င ံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိက သဘာပတိအဖြစ် ဆောင်ရွက် ခဲ့သည်။
အစည်းအဝေးသို့ ဖွံ့ဖြိုးဆဲနိုင်ငံ (၁၃)နိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ကိုယ်စား လှယ်များ၊ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ် Ms. Amina Mohammed ၊ စီးပွားရေးနှင့် လူမှုရေးဌာန လက်ထောက်အတွင်းရေးမှူးချုပ် Mr. Liu Zhenmin ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူး Mr. Achim Steiner တို့လည်း တက်ရောက်ကြသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၉ရက် ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် -19 အတည်ပြုလူနာ (၁၂၄၂၅) ဦး ရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ (၃၃၉၁) ဦးရှိကာ သေဆုံးသူ (၂၈၄) ဦးရှိကြောင်း သိရသည်။