Myanmar Sees Over $1 Billion Exports Increase

0
251

Tin Mg Oo

With the government and private sector working to increase exports, Myanmar witnessed some $1.144 billion rise in export earnings in the first four month of the new fiscal year compared to the year-earlier period, according to Ministry of Commerce data.
Imports surged by $697 million during the same period, resulting in a $627 million trade deficit.
“Exports increase can help increase the country’s economic development. Therefore, we are addressing all the problems and challenges in doing trade and business by organizing monthly meetings,” Vice President U Myint Swe said at a monthly meeting with local business leaders at UMFCCI.
Exports are carried out by state-owned and private enterprises through maritime channels and border gates. The majority of exports are from the agricultural, animal-product, fishery-product, metals and industrial sectors. The biggest export sectors are agricultural products, metals and industrial products.
For the first four months of the new fiscal year, from October 1 to January 24, agricultural product exports generated $1.159 billion, compared to $1.033 billion during the year-earlier period.
Industrial product exports garnered $3.138 billion during the same period, compared to $2.432 billion a year earlier.
Metals exports increased to over $881 million, compared to $317 million a year earlier.


Myanmar Summary

၂၀၁၈ − ၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ပုံမှန်နှင့် နယ်စပ်ကုန်သွယ်ရေးများမှ တဆင့် ပို့ကုန်တင်ပို့မှှုများမှာ အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၆၅၈ သန်းဖိုး ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။

“ အဓိက ကုန်သွယ်မှှုပမာဏတွေ တိုးတက်လာမှ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးရေးကိုလည်း အများကြီးအထောက်ကူပြုလာစေမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ပြည်တွင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲမရှိဆောင်ရွက်နိုင်စေဖို့ လစဉ်တွေ့ဆုံပြီး ဖြေရှင်း ဆောင်ရွက်ပေးနေတာ ရှိပါတယ်” ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက UMFCCIတွင် ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံပွဲတွင် ပြောသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှှုများတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှုများ အဖြစ်ဆောင်ရွက်လျက်ရှိနေပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများမှ တင်ပို့မှှုများ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများမှ တင်ပို့မှှုများရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှှုများအဖြစ် လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှှု ၊ တိရစ္ဆာန်ထွက် ကုန်ပစ္စည်းများ တင်ပို့မှှု ၊ ရေထွက်ကုန်ပစ္စည်များ ၊ သတ္တုနှင့် သစ်တောထွက်များ ၊ စက်မှှုကုန်ချောနှင့် အခြားသော ကုန်ပစ္စည်းများ ကဏ္ဍအလိုက် တင်ပို့လျက်ရှိသည်။

ယင်းတို့အနက် လယ်ယာထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်နှင့် စက်မှှုကုန်ချောတင်ပို့မှှုများသည် အများဆုံးဖြစ်သည်။ အဆိုပါကာလတူတွင် သွင်းကုန်တင်သွင်းမှှုအနေဖြင့် ကန်ဒေါ်လာ ၆၉၇ သန်းအထိပိုမိုခဲ့ပြီး ကုန်သွယ်မှှုလိုငွေအနေဖြင့် ကန်ဒေါ်လာ ၆၂၇ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ − ၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့များအဖြစ် အမေရိကန်ဒေါ်လာ ၁၀၃၃ ဒသမ ၄၇၇ သန်း တင်ပို့ခဲ့ပြီး ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် အဆိုပါကာလတူအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှှုများအဖြစ် အမေရိကန်ဒေါ်လာ ၁၁၅၉ ဒသမ ၂၄၆ သန်း တင်ပို့နိုင်ခဲ့သည်။

ထို့ပြင် ယမန်နှစ် အလားတူကာလအတွင်း စက်မှှုကုန်ချောတင်ပို့မှှုများအဖြစ် အမေရိကန်ဒေါ်လာ ၂၄၃၂ သန်း တင်ပို့နိုင်ခဲ့သည်။ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် ဇန်နဝါရီ ၂၄ အထိ  အမေရိကန်ဒေါ်လာ ၃၁၃၈ သန်း တင်ပို့နိုင်ခဲ့သည်။

ထို့အတူ သတ္တုတွင်းထွက်တင်ပို့မှှုများအဖြစ် ၂၀၁၈ − ၂၀၁၉ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၁၇  သန်းကျော် တင်ပို့နိုင်ခဲ့သည်။   ၂၀၁၉-၂၀၂၀ အဆိုပါကဏ္ဍ တင်ပို့မှှုများအဖြစ် အမေရိကန်ဒေါ်လာ  ၈၈၁ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

SOURCETin mg Oo /Myanmar Business Today
Previous articleMOEE to Borrow $113 Million for Gas Pipelines
Next articleVirus’ Impact on Myanmar-China Border Trade Likely Long-Lasting