The government has set a borrowing limit of K90,000 billion, according to the Fiscal Policy Statement 2019-2020 prepared by the Ministry of Planning and Finance. This amount includes loans from both domestic and foreign sources.
The statement targets lowering domestic borrowing for deficit financing to under 20 percent. The government has been financing the budget deficit by issuing government treasury bills and bonds since the 2017 fiscal year and has managed to cut domestic borrowing to 24.5 percent.
The government projects revenues of K28,525 billion from regions and states, expenditures of K35,244 billion and a deficit of K6,719 billion.
The inflation rate for 2019-2020 is estimated to be 6.5 percent.
The government allocated a K50 billion emergency fund for the Union Ministry of Planning and Finance, K35 billion for Union-level agencies and governments, and K14 billion for each region and state.
The government will give priority to projects that are essential for the development of the country and will connect eight power projects into the Project Bank in order to provide enough electricity for factories and meet summertime demands.
In allocating state budget, the government prioritizes transportation and communications, roads and bridges, rural development, education, health and social security.
Myanmar Summary
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျင့်သုံးမည့်ဘဏ္ဍာရေးမူဝါဒစာတမ်းအရ ပြည်ပချေးငွေအမှန်တကယ်သုံးစွဲငွေနှင့် ပြည်တွင်းချေးငွေ၌ အသားတင်ဖြည့် ဆည်းငွေအပါအဝင် အမှန်တကယ်ချေးယူရရှိထားသည့် ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်း ၉၀ သိန်း ထက်မပိုရဟု ဖော်ပြထားသည်။
အဆိုပါ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေဖြည့်ဆည်းရာတွင် ပြည်တွင်းချေးငွေဖြင့် ဖြည့်ဆည်းမည့် ပမာဏ၏ ၂၀ ရာခိုင်နှုန်းအောက်သာထားရှိရန် သတ်မှတ်ထားကြောင်း သိရသည်။
ပြည်တွင်းလိုငွေဖြည့်ဆည်းရာတွင် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအတွက် အစိုးရငွေတိုက် လက်မှတ်များနှင့် ငွေတိုက်စာချုပ်များရောင်းချခြင်းဖြင့် ဖြည့်ဆည်းပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ လိုငွေဖြည့်ဆည်းခြင်းကို လျော့ချနိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း စာတမ်းတွင်ဖော်ပြထားသည်။ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် အမှန်တကယ်လိုငွေဖြည့်ဆည်းခြင်းမှာ ၂၄ ဒသမ ၅ ရာခိုင်နှုန်းသာရှိခြင်းကြောင့် လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရငွေ ကျပ် ၂၈၅၂၅ ဘီလီယံရရှိမည်ဟု မျှော်မှန်းထားပြီး သုံးငွေ ကျပ် ၃၅၂၄၄ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရငွေနှင့် သုံးငွေစာရင်းကို နှိုင်းယှဉ်ပါက လိုငွေ ကျပ် ၆၇၁၉ ဘီလီယံ ရှိမည်ဖြစ်ကြောင်း မှန်းထားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွက်အရေးပေါ်ရန်ပုံငွေသည် နိုင်ငံတော်ကိုယ်စား ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ကျပ် ၅၀ ဘီလီယံ၊ ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာန များတွင် ကျပ် ၃၆ ဘီလီယံ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီအတွက် စုစုပေါင်း ကျပ် ၁၄ ဘီလီယံ လျာထားကြောင်းသိရသည်။
ယခုဘဏ္ဍာနှစ်အတွက် စီမံကိန်းရွေးချယ်ရာတွင် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သည့် စီမံကိန်းများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပြီး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လျှပ်စစ်ကဏ္ဍအတွက် လျှပ်စစ်ဓါတ်အားလုံလောက်စွာရရှိရန် နှင့် ၂၀၂၀ ခုနှစ်နွေရာသီတွင် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် စီမံကိန်း (၈) ခုကို စီမံကိန်းဘဏ် (Project Bank) ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်ခွဲဝေရာတွင် နိုင်ငံတော်၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လမ်း၊တံတားကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်ကို ဦးစားပေးလျာထားကြောင်း ဖော်ပြထားသည်။