HomeBusinessMyanmar suspends issuing visas until May15

Myanmar suspends issuing visas until May15

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

The Ministry of Foreign Affairs announced that Myanmar has extended the suspension of issuing all kinds of visas until May 15. The original suspension was until April 30; however, it decided to extend the suspension in order to prevent and contain the spread of COVID-19.

Moreover, those, including Myanmar citizens, who have entered the country after the suspension period will stay at community quarantine centres for 21 days and home quarantine for seven days.

All the passenger flights to Myanmar are also postponed to May 15.


မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအတွက် ပြည်၀င်ခွင့်ဗီဇာအားလုံးကို မေလ ၁၅ရက်နေ့အထိ ယာယီရပ်ဆိုင်း

မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာ၊ အီလက်ထရောနစ်ဗီဇာ၊ လူမှုရေးဗီဇာနှင့် အခြားသော ပြည်၀င်ခွင့်ဗီဇာများအားလုံးကို မေလ ၁၅ရက်နေ့အထိ ရပ်တိုးမြှင့်ကာ ယာယီရပ်ဆိုင်းထားကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခင်က နိုင်ငံခြားရေး၀န်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများကို ဧပြီလ ၃၀ရက်နေ့အထိသာ ယာယီကန့်သတ်ထားသော်လည်း ရောဂါပြန့်ပွားမှု အန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ယခုကဲ့သို့ တိုးမြှင့် သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့ပြင် ပြည်တွင်းသို့ ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများနှင့် အခြားသော နိုင်ငံများမှ ခရီးသွားများအားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက သတ်မှတ်ထားသည့် နေရာများတွင် လူထုအခြေပြု စောင့်ကြည့် ကုသမှုပေးခြင်းအတွက် ၂၁ရက်နှင့် မိမိအိမ်တွင် သီးခြားနေထိုင်စောင့်ကြည့်ခြင်းအတွက် ၇ရက် စုစုပေါင်း ၂၈ရက်ကို မဖြစ်မနေ တိကျစွာလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမည့် ခရီးသည်တင်ယာဉ်လေကြောင်းလိုင်းများကိုလည်း မေလ ၁၅ရက်နေ့အထိ ဆိုက်ရောက်ခွင့်ကို ယာယီတားမြစ်ထားကြောင်း သိရသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img