Myo Sandar/Myanmar Business Today
Myanmar expects its foreign trade to shrink slightly to $33 billion in the 2020 fiscal year, with $15.5 billion in exports and $17.7 billion in imports, according to Deputy Permanent Secretary for Commerce U Khin Maung Lwin.
Imports of raw materials and consumer products account for the $2 billion in projected deficit.
The country expected a foreign trade deficit of $500 million in the 2019 fiscal year but the actual figure reached $1 billion on total foreign trade volume of $43.9 billion.
“The problem is that we cannot reduce imports as they are investment related. There are more investments coming in, which means there will be more imports. Moreover, cooking oil and fuel imports cannot be reduced and are likely to increase,” said the official.
“We reduced imports as much as we could and also managed to increase our exports, mainly garment, gas and fishery products.”
Myanmar Summary
လက်ရှိ ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများ နှင့် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံဖိုးအထိ ကုန်သွယ်ရန်လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြော သည်။
ဘဏ္ဍာနှစ်တစ်ခုလုံးတွင် အမေရိန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံတန်ဖိုးရှိသည့် ပို့ကုန် များတင်ပို့ရန်လျာထားပြီး ပြည်ပနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိသည့် သွင်းကုန်များ ပြန်လည်တင် သွင်းရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုလျာထားချက်အရ သိရသည်။
ကုန်သွယ်မှုလိုငွေ ၂ ဘီလီယံအထိရှိနိုင်ပြီး ယင်းကဲ့သို့ ရှိရခြင်းမှာ ရင်းနှီးမြှုပ်နှံများ ပိုမို တိုးတက်လာခြင်းကြောင့် လုပ်ငန်းသုံးကုန် ပစ္စည်းများတင်သွင်းခြင်းနှင့် ရင်းနှီးမြုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းခြင်းများ တိုးတက်လာ နိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဦးခင်မောင်လွင် က ဆိုသည်။
”အဓိကတော့ သွင်းကုန်မှာ လျော့လို့ မရတာတွေရှိတယ်။ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း က လျှော့လို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုကလည်း လက်ရှိမှာ ဝင်နေတယ်။ ရင်းနှီးမြှုပ်နှံမှု ဝင် လာတာနဲ့အမျှ ကုန်ကြမ်းသွင်းတာတွေ တိုး လာမယ်။ သွင်းကုန်ပစ္စည်းတွေဖြစ်တဲ့ စား သုံးဆီနဲ့ ဒီဇယ်သွင်းတာကလည်း လျော့ မသွားဘူး။ တိုးလာဖို့ပဲရှိတယ်” ဦးခင်မောင် လွင်က ပြောသည် ။
၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ အထိ သာရှိရန်မျှော်မှန်းခဲ့သော်လည်း ဘတ်ဂျက် နှစ်ကုန်ဆုံးသည့်အချိန်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အထိ ရှိခဲ့သည်။ ယခင် ဘဏ္ဍာနှစ် တစ်နှစ် လုံးတွင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ခြင်းမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉ ဘီလီယံ ကျော်ရရှိထားပြီး ကုန်သွယ်မှုလျာထားချက် ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံကျော်ရရှိထားကြောင်း သိရသည်။
”သွင်းကုန်ကတော့ လျှော့လို့ရတဲ့ အမယ် တွေကို လျှော့ချနိုင်ခဲ့တယ်ဆိုပေမယ့် ပို့ကုန် တင်ပို့မှုကို အများကြီးတိုးတက်အောင် လုပ် နိုင်ခဲ့တယ်။ အဓိက အထည်ချုပ်၊ သဘာဝ ဓာတ်ငွေ့၊ ရေထွက်ကုန် ပိုမိုတင်ပို့နိုင်ခဲ့တယ်” ဟု ဦးခင်မောင်လွင်ကပြောပြသည်။