Tin Mg Oo/Myanmar Business Today
The government plans to send minister-counselors for economic affairs to five more countries to promote trade, said Deputy Minister of Commerce U Aung Htoo during remarks to the upper house of parliament on December 2.
The new minister-counselors will be posted to Germany, Brazil, Australia, South Africa and China (Kunming), countries with great potential for stronger economic ties.
Tasked with finding market for locally produced goods and promoting investment in Myanmar, economic minister-counselors are responsible for connecting Myanmar businessmen with the businessmen and economic officials of the countries they are assigned to.
Myanmar has appointed 11 economic minister-counselors to different embassies and consular offices in an effort to create new markets for local products and increase exports. In addition to appointing more economic minister-counselors, the government has opened an information center to facilitate Korean investments in Myanmar and one for EU investments.
According to Ministry of Commerce data, Myanmar’s trade volume for the 2019 fiscal year topped $35 billion. Exports exceeded $16.96 billion, the highest amount in six years.
Myanmar Summary
နိုင်ငံ ၅ နိုင်ငံတွင် စီးပွားရေးသံမှူးများ ထပ်မံခန့်အပ်နိုင်ရေး ဆောင်ရွက်နေ
စီးပွားရေး သံမှူးများကို နိုင်ငံ ၅ နိုင်ငံတွင် ထပ်မံခန့်အပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒီဇင်ဘာလ နှစ်ရက်တွင် ပြုလုပ်သည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
ဂျာမနီ ၊ ဘရာဇီး ၊ သြစတေးလျ ၊ တောင်အာဖရိက နှင့် တရုတ်နိုင်ငံ (ကူမင်းမြို့)တို့တွင် စီးပွားရေးသံမှူးများ ခန့်အပ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းနိုင်ငံများသည် စီးပွားရေးအရ ချိတ်ဆက်ရန် အလားအလားကောင်းသော နိုင်ငံများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကုန်စည်ပြပွဲတွေကနေတစ်ဆင့် ကုန်သွယ်မှှုမြှင့်တင်နိုင်ရေးအတွက် ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာနိုင်ငံ သံရုံး ၊ ကောင်စစ်ဝန်ရုံးတို့မှာ စီးပွားရေး သံမှူးတွေကိုခန့်အပ်ပြီး စေလွတ်လျက်ရှိပါတယ်” ဟု စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
စီးပွားရေး သံမှူးများအနေဖြင့် ၎င်းတို့ရောက်ရှိသည့်နေရာတွင် မြန်မာနိုင်ငံအတွင်း မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သည့် လုပ်ငန်းကဏ္ဍများကို အဆိုပါ နိုင်ငံများရှိ လုပ်ငန်းရှင်များ သံမှူးများကို မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်စေခြင်းများ ပြုလုပ်ပေးရခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး နှင့် ကောင်စစ်ဝန်ရုံးချုပ်တို့တွင် စီးပွားရေး သံမှူး ၁၁ ဦးထိ ခန့်အပ်ထားကာ စိုက်ပျိုးရေး သီးနှံများ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ဈေးကွက်သစ်များ ရရှိအောင် ဆောင်ရွက်လျက်ရှိသည်။
ကုန်သွယ်ရေးနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်ရေး အတွက် ပြည်ပနိုင်ငံများတွင် စီးပွားရေး သံမှူးများ ခန့်အပ်ခြင်းအပြင် ပြည်တွင်း၌လည်း တောင်ကိုရီးယား နိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှှုများ လာရောက်ရာတွင် အခက်အခဲများမဖြစ်ပွားစေရေးအတွက် Center တစ်ခု နှင့် ဥရောပသမဂ္ဂနိုင်ငံများဆိုင်ရာ Center တို့ကို ဖွင့်လှစ်ဆောင်ရွက်ထားလျက်ကြောင်းလည်း ၎င်းက ထည့်ပြောခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခင်ဘဏ္ဍာရေးနှစ်(၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်) အတွင်း ပို့ကုန်တင်ပို့မှှုသည် ကန်ဒေါ်လာ ၁၆၉၆၃ သန်း ရှိခဲ့ပြီး ယင်းပမာဏသည် ဘဏ္ဍာရေးနှစ် ခြောက်နှစ်တာအတွင်း ပို့ကုန်တင်ပို့မှှုအများဆုံးဘဏ္ဍာရေးနှစ်ဖြစ်စေခဲ့သည်။ ပို့ကုန်သွင်းကုန် နှစ်ရပ်ပေါင်းကုန်သွယ်မှှုပမာဏအနေဖြင့်လည်း ကန်ဒေါ်လာ ၃၅၀၂၈ သန်းရှိခဲ့ရာ ယခင်ဘဏ္ဍာရေးနှစ်သည် ခြောက်နှစ်တာအတွင်း အများဆုံးကုန်သွယ်နိုင်ခဲ့သည့်နှစ်လည်း ဖြစ်သည်။