Home Business Domestic Tourism: where to begin post-COVID tourism in Myanmar

Domestic Tourism: where to begin post-COVID tourism in Myanmar

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

The COVID-19 pandemic has put Myanmar’s underdeveloped tourism industry into a halt as it has done to the global tourism industry. Now, the country is preparing to revive the sector by developing the Tourism Strategic Road Map with three stages: survival, reopening, and relaunching, and consider domestic tourism as where to start in post-covid times, according to a video conference led by U Ohn Maung, Union Minister of the Ministry of Hotels and Tourism.

“The industrial experts have predicted that foreign travelers, especially from Europe and America, might not be able to come in, in the next one or one and a half years. So, we will start with an inbound tour and then open to visitors from ASEAN and Asia. But this is our plan. Nothing is predictable when it comes to the COVID-19,”  U Yan Win, President of Myanmar Tourism Federation, told Myanmar Business Today.

The Ministry of Hotels and Tourism has estimated that tourism to Myanmar, which received 4.3 million last year, is likely to drop by 50 percent. But the industry may suffer more as the pandemic shows no sign to end in the immediate future, the industrial stakeholders said.

“They (the tourism authorities) estimated the number of tourism arrival by 50 percent by including the arrivals before the pandemic. But, if you exclude it, the drop might be as 70 percent lower,” U Yan Win said.

According to the Union of Myanmar Travel Association, the hardest-hit sector has seen 50 to 70 percent of hotels and tour operators laying off their staff while others reducing salaries.

The tourism industry is estimated to have created, directly and indirectly, around 1.5 million jobs in Myanmar and to increase employment by 66 percent to 2.1 million jobs by 2026.

Meanwhile, the country has expended all international flights since April and recently extended the suspension until June 15, which will significantly reduce the number of tourism. 

In the relief plan called Overcoming as One: COVID-19 Economic Relief Plan released on April 27, the tourism industry was included in an economic stimulus package of K100 billion one-year working capital loans with a 1 percent annual interest rate.

On the bright side, Forbes magazine listed Myanmar in the list of “Rising Stars in Travel” noting “the country comes equipped with many of Thailand’s most charming attributes – ornate Buddhist temples, remnants of ancient civilizations, and bustling cities – while the developing economy allows more budget-conscious travelers to explore without breaking the bank. The capital of Naypyidaw is a planned city, notable for its massive size and low population (resulting in very little traffic), while the former capital Yangon is home to the nation’s most sacred Buddhist pagoda along with a wide array of English colonial architecture.”


COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကဏ္ဍကို ရပ်တန့်သွားစေသကဲ့သို့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနောက်ကျနေသော ခရီးသွားလုပ်ငန်းကိုလည်း ရပ်တန့်သွားစေခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် covid-19 အလွန် ကာလတွင် ခရီးသွားလုပ်ငန်းအား ပြန်လည် အသက်သွင်းရန်အတွက် ဆက်လက်ရပ်တည်နိုင်ရေး၊ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ပြန်လည်ဖိတ်ခေါ်ခြင်းဟူသော အဆင့်သုံးဆင့် ပါသည့် Tourism Strategic Road Map ကို ချမှတ်ဆောင်ရွက်နေသည်။ ထို့အပြင် covid-19 အလွန်ကာလတွင် ခရီးသွားလုပ်ငန်းကို စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစွာလုပ်ကိုင်သွားရန် ရည်ရွယ်ထားသည်။ 

၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား စုစုပေါင်း ၄ဒသမ၃ သန်းဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင်တော့ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ်ကထက် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။ သို့သော် လတ်တလောတွင် ကပ်ရောဂါမှာ ပြီးဆုံးမည့် လက္ခဏာများမရှိသေးသောကြောင့် ခရီးသွားလုပ်ငန်း ကဏ္ဍသည် ထိုထက် ပိုမိုထိခိုက်နိုင်သည်ဟု ခရီးသွားလုပ်ငန်းအတွင်းမှ ကျွမ်းကျင်သူများက ဆိုသည်။

“သူတို့က ဒီကပ်ရောဂါမဖြစ်ခင်က ကိန်းဂဏန်းတွေကိုပါထည့်တွက်ထားတာမို့ ငါးဆယ်ရာခိုင်နှုန်းကျမယ်လို့ ခန့်မှန်းတာ။ အဲဒါတွေဖယ်လိုက်ရင် ၇၀ ရာခိုင်နှုန်းကျော်နိုင်တယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ဦးရန်ဝင်းက Myanmar Business Today သို့ ပြောသည်

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကတော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်ပေါင်း ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိသည် ၎င်းတို့၏ ဝန်ထမ်းများကို အလုပ်မှ ရပ်နားခြင်းများ ပြုလုပ်နေကြပြီး ကျန် လုပ်ငန်းများကတော့ လုပ်ခလစာ လျှော့ချခြင်းများ ပြုလုပ်နေကြသည်ဟု ဆိုသည်။

ခရီးသွားလုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁ဒသမ၅ သန်းခန့်ရှိပြီး ၂၀၂၆ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း ၂ဒသမ၁ သန်း ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

လာက်ရှိတွင်တော့ မြန်မာနိုင်ငံသည် ပြည်ပလေယာဉ်ခရီးစဉ်အားလုံးကို ဇွန်လ ၁၅ အထိ ရပ်နားထားသည်။ မကြာသေခင်က ထုတ်ပြန်ထားသော စီးပွားရေးထိခိုက်မှုသက်သာရေးအစီအမံ Overcoming as One: COVID-19 Economic Relief Plan တွင်တော့ တစ်နှစ်အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးပေးမည့် ကျပ်ဘီလီယံတစ်ရာချေးငွေအစီအစဉ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍကို ထည့်သွင်းထားသည်။

အကောင်းဘက်အနေဖြင့်တော့ နာမည်ကြီး Forbes မဂ္ဂဇင်းက မြန်မာနိုင်ငံကို ခရီးသွားလုပ်ငန်းတွင် အလားအလာရှိသောနိုင်ငံ ခုနစ်နိုင်ငံစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

Min Thu Aung
Experienced Journalist with a demonstrated history of working in the newspaper industry. Skilled in Writing, Translation, Research, Video Editing, and Painting. Strong media and communication professional with a Bachelor's degree focused in English from Monywa University, and a Diploma in International Relations from the University of Yangon
- Advertisment -

Must Read

Screen Time for Children During Homebased Learning – A View from...

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Even before COVID-19, there was a significant focus on the overuse of technology with children and the concerns surrounding too much screen...