အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Written by Linn Thit
Pyidaungsu Hluttaw on May 29 session approved to borrow $20 million loans from Korea Exim Bank (EDCF) to complete the construction of Dala Bridge, also called Myanmar-Korea Friendship Bridge, by 2022.
While waiting for the loans to receive, the Ministry of Construction will build other related construction works such as approaching road and jetty.
The 6,128 ft long four lanes bridge is hoped to bring better transportation between Yangon and Dala helping develop other adjacent townships such as Twante, Kawkmhu, and Kwangyan Gone.
The project was first proposed to Pyithu Hluttaw in 2014 but delayed for four years due to opposition until December 2018, when a groundbreaking ceremony was held attended by Daw Aung San Suu Kyi, the State Counselor of Myanmar.
The project was in a quagmire for some time since it was announced in 2013. Land prices in Dala rose significantly when the planning of the bridge was announced, while local residents and the government were at loggerheads regarding land acquisition. However, local residents have reportedly reached an agreement with the authorities and the project now seems ready to go ahead.
မြန်မာ−ကိုရီးယား ချစ်ကြည်ရေး တံတားဖြစ်သည့် ဒလတံတားကို ၂၀၂၂ခုနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် ၊ ရေလမ်းကင်းလွတ်အကျယ် တိုးချဲ့ နိုင်ရန်အတွက် Korea Exim Bank (EDCF )ထံမှ အမေရိကန်ဒေါ်လာ သန်း၂၀ ချေးယူရန် ပြည်ထောင်စု လွတ်တော်မှ မေလ ၂၉ရက်နေ့တွင် သဘောတူ အတည်ပြုခွင့်ပြုခဲ့သည်။
အဆိုပါ ချေးငွေရယူခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဉီးကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍရေးနှင့် စက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဉီးမောင်မောင်း၀င်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို မေလ ၂၉ရက်နေ့တွင် အတည်ပြုရယူခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်း၂၀ကို ချေးငွေရယူရန် သဘောတူညီမှုရရှိခဲ့ပြီး ချေးငွေ စောင့်ဆိုင်းနေစဉ် ကာလအတွင်း၌ ရန်ကုန်ဘက် ကမ်းနှင့် ဒလဘက်ကမ်းတို့တွင် ဆိပ်ခံတံတားများ ဆင်ခြေလျှော တံတားများ တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်နှင့် ဒလမြို့နယ်သည် အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ဒလမြို့နယ်နှင့် ဆက်စပ်နေသည့် တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
အဆိုပါ တံတား၏ အရှည်မှာ ၆၁၂၈ပေရှိပြီး ၄လမ်းသွား ကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ကာ တစ်ရက်လျှင် ယာဉ်အစီးရေ ရှစ်သောင်းခန့်အထိ သွားလာနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ကိုရီးယား−မြန်မာ ချစ်ကြည်ရေး တံတားဖြစ်သည့် ဒလ တံတားကို တည်ဆောက်နိုင်ရန်အတွက် ၂၀၁၄ခုနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှ တစ်ဆင့် ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ၄နှစ်ခန့် ကြန့်ကြာခဲ့သည်။
သို့သော် ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်နိုင်ရန် ပန္နက်တင်ခဲ့ပြီး တည်ဆောက်ခြင်းကို ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။