The Ministry of Planning, Finance, and Industry will conduct a survey called Baseline Survey on Myanmar MSME’s Digital Utility on over 2,500 Micro, Small and Medium Enterprises (SMEs) to identify digitalization and improvement index so that the government can adopt the policy.
The survey will be carried out by MinMyanmar Research-MMR with the support of the Ministry of Planning, Finance and Industry, and the Digital Economy Development Committee (DEDC).
The survey team of MinMyanmar Research will conduct online/ telephone surveys on MSMEs in 15 Regions and States across the country while the staff of the Industry Supervision and Inspection Department will meet 251 SMEs to conduct surveys. The process will kick off in November and December this year.
It will explore the digitalization among the MSMEs since digitalization has dramatically increased during the COVID-19 pandemic and help the government to adopt a policy based on the survey for the betterment of the MSME industry. Thus, the ministry has encouraged MSMEs across the country to respond to survey questions.
There are 73,085 SMEs registered under the Ministry of Industry.
Written by Ko Myo
မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းပေါင်း ၂၅၀၀ ကျော်အား သုတေသနစစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ၏ ဒီဂျစ်တယ် အသုံး ပြုမှု ဆိုင်ရာ အခြေအနေများနှင့် အညွှန်းကိန်း တို့အားလက်ရှိမြေပြင်တွင်တိုးတက်မှုအခြေအနေတို့အား ဖော်ထုတ်၍ လိုအပ်သလိုသုံးသပ် ဆောင်ရွက်ပေးနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် Digital Economy Development Committee(DEDC) တို့၏ စီစဉ်ပံ့ပိုးမှုဖြင့် Baseline Survey on Myanmar MSME’s Digital Utility Survey အား သုတေသနပြု စစ်တမ်းကောက်ယူရန် မင်းမြန်မာ သုတေသန ကုမ္ပဏီလီမိတက် (MinMyanmar Research-MMR)နှင့်စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ SME ဌာနတို့ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လေ့လာမှု သုတေသန အတွက် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅) ခုရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း(၂၅၀၀) ခုအား တယ်လီဖုန်း/ Online Channel ဖြင့် မင်းမြန်မာ သုတေသန ကုမ္ပဏီလီမိတက်၏ Survey Team မှလည်းကောင်း၊ လုပ်ငန်းပေါင်း(၂၅၁) ခုအား စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ SME ဌာန ဝန်ထမ်းများမှ ဆက်သွယ်တွေ့ဆုံ၍ လည်းကောင်း မေးမြန်းကာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း စစ်တမ်း ကောက်ယူခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
COVID ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ဒီဂျစ်တယ် အသုံးပြုမှု ကျယ်ပြန့် လာသည့်အတွက် MSME လုပ်ငန်း များ လက်ရှိ ဒီဂျစ်တယ် အသုံးပြုမှု အခြေအနေ ကို ယင်းစစ်တမ်းမှ ဖော်ထုတ်ပြီး လုပ်ငန်းများ အတွက် လိုအပ်သလို အထောက်အကူ ပေးနိုင် မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဒေသ အသီး သီးရှိအသေးစား၊အငယ်စားနှင့်အလတ်စား စီးပွါးရေးလုပ်ငန်းများအနေဖြင့် ယင်းစစ်တမ်းတွင် ပူးပေါင်း ကူညီဖြေဆိုပေးနိုင်ကြပါရန် အဆိုပါ ဝန်ကြီးဌာနကနှိုးဆော် ထားသည်။
မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာန၌ စာရင်း ဝင်ထားသော SME လုပ်ငန်းပေါင်း ၇၃၀၈၅ ခုရှိကြောင်း သိရသည်။