HomeBusinessLocalMyanmar to Deploy Navy to Fight Illicit Trade

Myanmar to Deploy Navy to Fight Illicit Trade

Vice President U Myint Swe said that the government will ask the Navy to help in the fight against illegal trade coming into the country through the sea.
Illicit trade is undermining both foreign investments and small and medium enterprises in Myanmar, which is ranked 82nd out of 84 countries on the Global Illicit Trade Environment Index 2018.
“Since we have not formed a marine task force for fighting illegal trade, we will ask the Navy for help to effectively fight it,” said the vice president at a monthly meeting with local business leaders. “We will focus on the entrance points in Yangon and Ayeyarwady regions.”
Since it came into power, the government has formed special task forces in border areas, but these have not been enough to stem the tide of illicit trade. Government efforts have been undermined by the fact that it does not have full control of border areas, some of which are under the control of armed ethnic groups.
The government offers incentives in the fight against illicit trade by awarding 30 percent of confiscated goods to the parties who make the seizure and 20 percent to the person or persons whose tip-off leads to the confiscation of goods. The Union government takes 30 percent and regional governments take 20 percent.
Some K15 billion worth of illegal goods have been confiscated in the 13 months from September 2018 to October 2019.


Myanmar Summary

တရားမဝင်ကုန်သွယ်မှှုများ ရေကြောင်းမှဝင်ရောက်မှှုများပါ တားဆီးထိန်းချုပ်နိုင်ရန် တပ်မတော်ရေကို အကူညီတောင်းခံဆောင်ရွက်သွားမည်

ရေကြောင်းမှတဆင့်တရားမဝင်ကုန်သွယ်မှှုများ တားဆီးထိန်းချုပ်နိုင်ရန် တပ်မတော်ရေ ကို အကူညီတောင်းခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏တရားမဝင်ကုန်သွယ်မှှုအခြေအနေသည်တရားမဝင်ကုန်သွယ်မှုအများဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေပြီး ယင်းအချက်ကပြည်ပရင်းနှီးသူများဝင်ရောက်ရန်နှင့် ပြည်တွင်းအသေးစား အလတ်စားလုပ်ငန်းရှင်များအတွက်လည်း စိုးရိမ်စရာအချက်တစ်ခုအဖြစ်ရှိစေသည်။

“ ဒီမှာ ရေကြောင်းဖမ်းဆီးရေး (တရားမဝင်ကုန်စည်ဖမ်းဆီးရေးနဲ့ဆိုင်တဲ့)တပ်ဖွဲ့လည်း မဖွဲ့ရသေးတဲ့ အခါကျတော့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ တပ်မတော်ရေကို အကူအညီတောင်းပြီးတော့ ထိထိရောက်ရောက် စတင်လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ အဓိကတော့ ရန်ကုန်ဝင်ပေါက်နဲ့ အခြား ဒေသတွေဖြစ်တဲ့ ဧရာဝတီ(မြစ် ဝင်ပေါက်) တို့မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တရားမဝင် ကုန်သွယ်မှှုများကို အစိုးရသစ်တက်လာပြီးမှစတင်ကာ ကြိုးစား၍ ဖမ်းဆီးမှှုများ ပြုလုပ်နေသော်လည်း  တရားမဝင် ကုန်သွယ်မှှုများက ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ထိခိုက်မှှုများရှိလာသည့်အတွက် နယ်စပ်ဒေသနှင့် တိုင်းဒေသကြီး ပြည်နယ် ကိုးခု တွင် တရားမဝင် ကုန်သွယ်မှှု တားဆီးထိန်းချုပ်ရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ထိထိရောက်ရောက်ဖမ်းဆီးအရေးယူခြင်း မဆေင်ရွက်နိုင်ရခြင်းမှာနယ်မြေအခြေနေအရ  လက်နက်ကိုင် အဖွဲ့များရှိနေခြင်းအပြင် တစ်ဖက်တွင်လည်း  ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရန် ရှိသည့် အတွက် မထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင်တရားမဝင် ကုန်သွယ်မှှုများ ဖမ်းဆီးခြင်းကို ဆုပေးဒဏ်ပေးစနစ်ဖြင့် ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်ပြီး ဖမ်းဆီးရမိပါက ဖမ်းဆီးရမိသည့် တန်ဖိုးကို တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်မှ ၃၀ ရာခိုင်နှှုန်း ၊ ပြည်ထောင်စုအစိုးရမှ ၂၀ ရာခိုင်နှှုန်း ၊ သတင်းပေးတိုင်ကြားသူကို ၂၀ ရာခိုင်နှှုန်း ၊ ဖမ်းဆီးပေးသည့် အဖွဲ့ကို ၃၀ ရာခိုင်နှှုန်း စသည်ဖြင့် ပြန်လည်ပေးအပ်လျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ကုန်အထိ ၁၃ လတာကာလအတွင်း တရားမဝင် ကုန်သွယ်မှှု ၁၀၆၅ မှှု မှ ခန့်မှန်းတန်ဖိုး ၁၅ ဘီလီယံကျော်ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img