Union Minister of Planning, Finance and Industry U Soe Win revealed during a January 22 meeting with local micro, small and medium enterprises that the ministry is working to form a credit guarantee corporation to help MSMEs get access to financial services.
The ministry is working in collaboration with the Central Bank of Thailand to establish such an entity under the Myanmar Sustainable Development Plan (MSDP) 2018-2030.
The credit guarantee corporation will be tasked with providing loan services to SMEs in accordance with government policy and instructions, as well as monitoring investments and managing loan defaults to prevent losses.
The body will also help MSMEs to expand their businesses by offering credit guarantee services.
The interest rate for SME loans, USAID CGI loans and Shop Owner loans is 13 percent while working-capital loans and JICA loans are granted at 12 and 8.5 percent per annum.
The ministry is also drafting an MSME Master Plan with the help of microfinance institutions, nongovernment financial institutions and Germany’s FNF foundation, with completion date set for this month.
The first draft, completed during the first half of 2018, was revised by government agencies and MSME representatives in line with the MSME Development Strategic Plan 2016-2025 and ASEAN SME Policy Index 2018.
Myanmar Summary
MSMEs လုပ်ငန်းများ ချေးငွေလိုအပ်ချက်ဖြည့်ဆည်းရန် ချေးငွေအာမခံအဖွဲ့အစည်းတည်ထောင်မည်
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ချေးငွေလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ချေးငွေအာမခံအဖွဲ့အစည်းတည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ချေးငွေအာမခံအဖွဲ့အစည်း ထူထောင်နိုင်ရေးကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရမှ ချမှတ်ထားသည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖံ့ွဖြိုးတိုးတက်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၂၀၁၈-၂၀၃၀ ၏ စီမံချက်ဖြင့် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
အစိုးရမူဝါဒ ၊ ညွှန်ကြားချက်များနှင့်အညီ ချေးငွေ ဝန်ဆောင်မှုပေးနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် SMEဆိုင်ရာ ငွေကြေးမူဝါဒများ၊ ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အညီချေးငွေချထားခြင်း၊ရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ခြင်းနှင့် ချေးငွေဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုများကို MSDP စီမံကိန်းအရ ချေးငွေအာမခံအဖွဲ့အစည်းထူထောင်ခြင်းအတွက် အဓိကထည့်သွင်းထားသည်။
အဆိုပါအဖွဲ့အစည်းကို တည်ထောင်နိုင်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများကြုံတွေ့နေရသော ထုတ်ချေးငွေများ ဆုံးရှုံးမှှုများကို အကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ယင်းသို့ ချေးငွေအာမခံအဖွဲ့အစည်းရှိခြင်းဖြင့် MSMEs လုပ်ငန်းများပိုမိုချဲ့ထွင်နိုင်ရန်အတွက် ချေးငွေအာမခံဝန်ဆောင်မှုများပိုမိုရရှိမည်ဖြစ်ပြီး လက်ရှိငွေရေးကြေးရေးအဖွဲ့အစည်းများကြုံတွေ့နေရသည့် ချေးငွေဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။
SME ချေးငွေများကို တစ်နှစ်လျှင်အတိုးနှုန်း ၁၃ ရာခိုင်နှုန်း၊လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်းရှိ SME လုပ်ငန်းများအတွက် USAID CGIချေးငွေဖြင့် ၁၃ ရာခိုင်နှုန်းနှင့် ဈေးဆိုင်၊ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ဆိုင်ခန်းများဖြင့် ရောင်းချသော ဈေးဆိုင်လုပ်ငန်းရှင်များအတွက် SHOP OWNER ချေးငွေဖြင့် ၁၃ရာခိုင်နှှုန်းဖြင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးနေသည်။ လုပ်ငန်းလည်ပတ်ရန်အတွက် Working Capital ချေးငွေဖြင့် ၁၂ ရာခိုင်နှုန်း၊ JICAမှ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့်ချေးပေးလျက်ရှိကြောင်း သိရသည်။
အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ တိုးတက်ရေးရည်ရွယ်သည့် MSME Master Plan ကို အသေးစားငွေရေးအဖွဲ့အစည်းများ ၊ အစိုးရမဟုတ်သည့် ငွေကြးကူညီရေးအဖွဲ့အစည်းများ ၊ ဂျာမနီနိုင်ငံမှ FNF အဖွဲ့အစည်းများနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲလျက်ရှိပြီး ဖေဖော်ဝါရီလတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
Master Plan မူကြမ်းကို ၂၀၁၈ ပထမနှစ်ဝက်တွင် အစိုးရအေဂျင်စီများနှင့် MSME ကိုယ်စားလှယ်များ ပြန်လည်သုံးသပ်ခဲ့ပြီး MSME ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅ ) နှင့် ASEAN MSME Policy Index 2018 တို့နှင့် အညီရေးဆွဲထားကြောင်း သိရသည်။