HomeBusinessMyanmar to export 150,000 tons of rice in May

Myanmar to export 150,000 tons of rice in May

English Text Below

မေလတွင် ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းခွဲတင်ပို့မည်

ဆန်စပါးစျေးကွက်တွင် ပြည်တွင်းစားသုံးမှုဖူလုံမှုအပြည့်အဝရှိကာ လိုအပ်ချက်ရှိပါက ရိက္ခာဖြန့်ဖြူးရန်အတွက် အရန်ဆန်ထားရှိနိုင်ခြင်းကြောင့် ၂၀၂၀ ခုနှစ်မေလတွင် ဆန်တန်ချိန် တစ်သိန်းခွဲကို ပြည်ပသို့ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ယင်းသို့ တင်ပို့နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းပြီးဖြစ်ကာ အခြားအာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများသို့ပါ G to G အစိုးရအချင်းချင်း ချိတ်ဆက်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ဆန်တန်ချိန် တစ်သိန်းခွဲအနက် ပင်လယ်ရေကြောင်းမှ တန်ချိန် တစ်သိန်းနှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ငါးသောင်းတင်ပို့သွားမည်ဖြစ်ပြီး တင်ပို့မည်ဆန်အမျိုးအစားများမှာ ဆန်၊ ဆန်ကွဲနှင့် ကောက်ညှင်းဆန်တို့ဖြစ်သည်။

ယင်းဆန်များကို ပင်လယ်ရေကြောင်းမှ ကုမ္ပဏီ ၁၁၂ ခုနှင့် နယ်စပ်လမ်းကြောင်းမှ ကုမ္ပဏီ ၂၀၀ ခန့်ကို တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။

ထိုသို့ ပြည်ပသို့ မေလမှစတင်၍ ဆန်တင်ပို့ခြင်းခွင့်ပြုမည်ဖြစ်ပြီး ယခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် နှစ်သန်းတင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

လက်ရှိတွင် ပြည်တွင်း၊ပြည်ပစျေးကွက်အခြေအနေများနှင့် covid-19 အခြေအနေများကြောင့် ပြည်ပသို့ဆန်တင်ပို့ခြင်းကို နိုင်ငံတော်အစိုးရနှင့် ညှိနှိုင်းအကြံပြုခြင်းများဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင် နွေစပါးပေါ်ချိန်ဖြစ်၍ တောင်သူများထံမှ သင့်တင့်သောစျေးနှုန်းဖြင့် ဝယ်ယူရန် ကြိုးစားလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးမှ ထွက်ရှိသည့်ဆန်များကို ပြည်တွင်းစားသုံးမှု ၇၀ ရာခိုင်နှုန်းရှိပြီ ပြည်ပသို့ တင်ပို့မှု ၂၀ ရာခိုင်နှုန်းရှိသည်။

ထိုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုကို အရန်ဆန်ထားရှိရေးအစီအစဉ်အောက်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ဆန်တင်ပို့သူများသည် ပြည်ပသို့ တင်ပို့သည့်ဆန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို အရန်ဆန်အဖြစ်သတ်မှတ်၍ သိုလှောင်ရုံများတွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


Myanmar will export 150,000 tons of rice in May as the country has ample rice supply and kept enough reserve in case of urgent rice demand, accord to the Myanmar Rice Federation.

The Ministry of Commerce and Myanmar Rice Federation have discussed the matter and are planning to export rice to neighbouring countries under government to government purchasing system.

The country will export whole grain rice, broken rice and sticky rice. 100,000 tons of rice will be exported through sea route by 112 companies and 50,000 tons via border trade route by 200 companies.

It will start exporting rice in May and expects to export 2 millions in 2019-2020 fiscal year, according to Myanmar Rice Federation. The federation will consult with the government on the matter of exporting rice amid Covid-19 out break and is planning to buy rice from farmers at reasonable price as the farmers are now harvesting summer-grown rice.

The country consumes 70 percent of its rice production while 20 percent are exported and 10 percent is kept as reserve.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img