အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
The Central Committee on Prevention, Control, and Treatment on the Covid-19 announced that schools across the country will be reopened in July.
When schools are reopened, the Ministry of Education will make sure there is a safe distance between each student with a minimum distance of 3 to 6 feet while planning to provide two face masks and one face shield to each student, according to U Ko Lay Win, Director General of the Basic Education Department under the Ministry of Education.
There will be more teaching hours for teachers as students will be divided into two groups and taught in different schedules.
The schools now used as community-based facility quarantine centers will have to be disinfected and handed back to the Ministry of Education by June 15.

After the quarantine period for people being quarantined at schools is over, the new quarantined people will be accommodated at schools, instead, buildings owned by the government agencies and the High Education Department, colleges, and universities will be used as quarantine centers.
Moreover, exam results for basic education students will be announced by the end of June.
နိုင်ငံတဝှမ်းရှိ အခြေခံကျောင်းများ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင် ကလေးငယ်များ ရောဂါပိုးကူးစက်မှုမရှိစေရန် ကျောင်းသားတစ်ဉီးနှင့်တစ်ဉီးကို အနည်းဆုံး သုံးပေမှ ခြောက်ပေအကွာတွင် ထားရှိမည်ဖြစ်ပြီး ပညာရေး၀န်ကြီးဌာနမှ ကျောင်းသားတစ်ဉီးလျှင် Mask ၂ခုနှင့် face shield တစ်ခုစီ ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေလျက်ရှိကြောင်း ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းက ပြောသည်။
ကျောင်းသားတက်ရောက်မှုများသည့် ကျောင်းများတွင် ၂သုတ်ခွဲ၍ တက်ရောက်ကာ ပညာသင်ကြားရမည်ဖြစ်သည့်အတွက် ဆရာ၊ ဆရာမအနေဖြင့် သင်ကြားချိန် ပိုများလာမည်ဖြစ်ကြောင်း ၄င်းက ထပ်မံဖြည့်စွက် ပြောသည်။
ထို့ကြောင့် Community Based Facility Quarantine ဖွင့်လှစ်ထားသည့် ကျောင်းများကို ပိုးသတ်ဆေးဖြန်းကာ ဇွန်လ ၁၅ရက်နေ့ နောက်ဆုံးထား၍ ပညာရေးဝန်ကြီးဌာနထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Community Based Facility Quarantine တွင် လက်ရှိ Quarantine ၀င်နေသူများမှလွဲ၍ ထပ်မံ Quarantine ၀င်ရန် ရောက်ရှိလာပါက ကျောင်းများတွင် ထားရှိမည်မဟုတ်ဘဲ မြို့နယ်အသီးသီးရှိ ၀န်ကြီးဌာနပိုင် အဆောက်အအုံများနှင့် အဆင့်မြင့် ပညာဦးစီးဌာနပိုင် တက္ကသိုလ်များ၊ ကောလိပ်များနှင့် ဒီဂရီ ကောလိပ်များတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆယ်တန်းအပါအ၀င် အခြေခံပညာအတန်းအသီးသီး၏ အောင်စာရင်းများကိုလည်း ဇွန်လမကုန်မီတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။