Myanmar, Vietnam Expect to See Increased Bilateral Trade

0
278

Bilateral trade between Myanmar and Vietnam was on track to reach $1.05 billion at the end of 2019 and will surpass the target in 2020, according to Vo Thi Ngoc Diep, Vietnamese Trade Counselor in Myanmar, who was speaking at the Myanmar-Vietnam Business Matching Conference held at the Union of Myanmar Federation of Chambers of Commerce and Industry on December 20.

Bilateral trade volume in 2019 was 6.5 times the 2010 volume. In the 2018-2019 fiscal year, Myanmar-Vietnam trade totaled $852 million.

The two ASEAN neighbors set their sights on $1 billion in trade volume and now expect to surpass the targeted amount.

“We have seen a huge interest in doing trade and investment in Myanmar, especially in 2019,” said Ms. Vo. “We have organized a number of trade fairs and business matchings and hope that trade and investment between the two countries become stronger.”

At the business matching conference, the Vietnam Women Entrepreneurs Association and UMFCCI’s member companies engaged in talks.

“We learned that promoting trade and exports is one of the missions of Vietnam Women Entrepreneurs Association. We hope we will be able to work together, as we hold the same mission for our respective countries,” said UMFCCI joint secretary Daw Khaing Khaing Nwe.

Vietnam is exporting over 220 types of goods to Myanmar and is the seventh largest foreign investor in the country, with 18 enterprises worth nearly $2.2 billion.

Myanmar is trading with 273 countries and its foreign trade volume in the 2018-2019 fiscal year topped $35 billion, the highest amount since 2011. China is Myanmar’s largest trade partner, with bilateral trade volume of over $11 billion, followed by Thailand with $5.447 billion.


Myanmar Summary

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား နှစ်နိုင်ငံကုန်သွယ်မှှု  ပမာဏမှာ လာမည့် ၂၀၂၀ ခုနှစ်တွင် မျှော်မှန်းသည့် ပမာဏထက် ပိုမိုတိုးတက်ရောက်ရှိလာမည်ဖြစ်ကြောင်း Vietnam Embassy Trade Office Myanmar မှ Trade Counselor Ms.Vo Thi Ngoc Diep က ဒီဇင်ဘာ ၂၀ ရက်တွင် UMFCCIတွင် ပြုလုပ်သည့် မြန်မာ ဗီယက်နမ် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်

၂၀၁၉ ခုနှစ်အတွင်း မြန်မာဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံခန့်ရောက်ရှိလာဖွယ်ရှိပြီး အဆိုပါပမာဏသည် ၂၀၁၀ ခုနှစ်နှင့် နိူင်းယှဉ်ပါက ၆ ဒသမ ၅ ဆ ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှှုကို ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရောက်ရှိလာမည်ဟု မျှော်မှန်းထားပြီး လက်ရှိတွင် အဆိုပါ ပမာဏကို ကျော်လွန်ရန် အခွင့်အလမ်းများ ရှိနေခြင်းဖြစ်သည်။

“ အထူးသဖြင့် ဒီ၂၀၁၉ မှာ မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှှုနဲ့ ကုန်သွယ်မှှုတွေ ပြုလုပ်ဖို့ စိတ်ဝင်စားမှှု တွေ အများအပြားရှိခဲ့ပါတယ်။ ဒါကြောင့် ကုန်စည်ပြပွဲတွေ ဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ နောင်လာမယ့်နှစ်တွေများမှာလည်း မြန်မာနဲ့ ဗီယက်နမ်ကြားမှာ ကုန်သွယ်ရေးတွေ နှစ်နိင်ငံထုတ်ကုန်တွေ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်း ဆွေးနွေးပွဲကို ဗီယက်နမ် နိုင်ငံမှ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအသင်း နှင့် UMFCCI မှ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့အစည်းများကြား ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး UMFCCI မှ အတွင်းရေးမှူးတစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်နွယ် ကနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့်အကြောင်းများကို ရှင်းပြခဲ့သည်။

“ အခု ဗီယက်နမ် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ ရည်ရွယ်ချက်ထဲမှာ အမျိုးသား ကုန်သွယ်မှှု လုပ်ငန်းနဲ့ ပို့ကုန်လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့အတွက်လည်း ပါရှိတယ်လို့ လေ့လာတွေ့ရှိ ရပါတယ်။ ဒီလိုကိုယ့်နိုင်ငံရဲ့ အမျိုးသား ကုန်သွယ်ရေး ကဏ္ဍကို အဆင့်မြှင့်တင်ပေးတာက ကျွန်မတို့နိုင်ငံမှာ လည်း အစီအစဉ်တွေရှိတဲ့အတွက်ကြောင့် ရည်ရွယ်ချက်ခြင်းတူတဲ့ အတွက် ရှေ့ဆက်ပြီး အတူတကွ ပူးပေါင်း ဆောင်ရွက်မှှုတွေ ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု  ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ဗီယက်နမ် မှ မြန်မာနိုင်ငံအတွင်း အမျိုးအစားစုံ ကုန်ပစ္စည်း ပေါင်း ၂၂၀ ကျော်သည် မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်နေသည့် ဗီယက်နမ် စီမံကိန်း ၁၈ ခု၏ ရင်းနှီးမြှုပ်နှံမှှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံနီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၂၇၃ နိုင်ငံနှင့် ကုန်သွယ်နေပြီး ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃၅၀၂၀ သန်းဖိုး ကုန်သွယ်နိုင်ခဲ့သည်။ ယင်းပမာဏသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း အများဆုံးကုန်သွယ်နိုင်ခဲ့သည့်ပမာဏဖြစ်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ကန်ဒေါ်လာ ၁၁၃၆၃ သန်းဖိုးကုန်သွယ် နိုင်ခဲ့သဖြင့် တရုတ်သည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံအဖြစ်ရပ်တည်နေသည်။ ဒုတိယအများဆုံး အဖြစ် ထိုင်းနိုင်ငံကရပ်တည်နေကာ ကန်ဒေါ်လာ ၅၄၄၇ သန်းဖိုး အထိ ယခင်ဘဏ္ဍာရေးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်နိုင်ခဲ့သည်။ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တစ်ခုလုံးတွင် ဗီယက်နမ် နှင့် မြန်မာတို့အကြား ကုန်သွယ်မှှုသည် ကန်ဒေါ်လာ ၈၅၂ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်မှှုပမာဏစာရင်းအားလုံးအနက် အများဆုံးကုန်သွယ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

SOURCETin mg Oo /Myanmar Business Today
Previous articleSingapore Festival 2020 Scheduled for February
Next articleNgapali Beach Is Calling