HomeBusinessMyanmar Working on e-ID for its e-Government Goal

Myanmar Working on e-ID for its e-Government Goal

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

The Ministry of Labour, Immigration and Population and Austria’s OeSD company is working together to sign an agreement under the government to government collaboration to implement the e-ID system, which is essential to e-government.

As a prerequisite effort for the project, U Thein Swe, Union Minister of the Ministry of Labour, Immigration and Population, urged officials to find a way on how to do awareness-raising campaigns on the e-ID project.

The ministry has requested comments on the e-ID project to be implemented by OeSD from the Ministry of Commerce, Ministry of Planning, Finance and Industry, Ministry of Investment and Foreign Economic Relations, Union Attorney General’s Office and DACU.

The proposal from OeSD only includes issuing Unique ID and the rest, including issuing cards, building infrastructure and network, and administration costs, must be implemented using government funding.

The government has been trying to shift to e-government for years aiming to provide public services through online platforms.

UN’s sustainable development goals include issuing everyone an ID card by 2030 and the government with the assistant of 50 companies/ organizations including the World Bank, has conducted a pilot survey for issuing a Smart ID card.

The Union govern­ment is pushing to remove the current paper Nation­al Registration Card in favor of a smartcard that contains a computer chip detailing personal infor­mation of the holder such as photograph, address, employment, blood type, and finger print.

Written by Tayzar Bhone Myint/ Translated into English


မြန်မာနိုင်ငံတွင် e-Government စနစ်၏ အခြေခံ အကျဆုံးလုပ်ငန်းဖြစ်သည့် e-ID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းညှိနှိုင်း၍ ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီတို့အကြား လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကာ e-ID စနစ်လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူလူထု အသိပညာ ပေးလုပ်ငန်းများနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကြိုတင်စဉ်းစားဆောင်ရွက်ထားကြရန်လည်းပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

မြန်မာနိုင်ငံတွင်e-ID Population Registry စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကာ ဩစတြီးယားနိုင်ငံ OeSD မှ e-ID စနစ် တည်ဆောက်ရန်အတွက် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးနှင့် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) တို့သို့ သဘောထား မှတ်ချက်များ တောင်းခံခဲ့ပြီး ဖြစ်သည်။

ဩစတြီးယား နိုင်ငံ OeSD ၏ အဆိုပြုလွှာတွင် Unique ID ထုတ်ပေး သည့် အဆင့်အထိသာ ပါရှိပြီး ကတ်ထုတ် ပေးခြင်း၊ ရုံးအဆောက်အဦနှင့် အင်တာနက်ကွန်ယက်များ၊ အုပ်ချုပ်မှုဆိုင်ရာ အထွေထွေ ကုန်ကျ စရိတ်များ ပါဝင်ခြင်းမရှိသဖြင့် ကျန်ရှိသည့် ကုန်ကျမည့်ငွေများကို နိုင်ငံတော်ဘတ်ဂျက်မှ တောင်းခံ သုံးစွဲရမည်ဖြစ်ကြောင်းသိရသည်။

အစိုးရသည် e- Government ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများကို ဝန်ဆောင်မှုပေးနေရသည့် ဝန်ကြီးဌာနသည် Online စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ကြီးဌာနများ အားလုံး အသုံးပြုနိုင်မည့် Single Platform တစ်ခုတည်ဆောက်ရန် လိုအပ်လျက်ရှိနေသည်။

ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွင် သက္ကရာဇ် ၂၀၃၀ ၌ လူတိုင်း မွေးစာရင်း အပါအဝင် မှတ်ပုံတင်(၁) ခုရရှိရေး ပါဝကာ နိုင်ငံသား ကတ်ပြားကို နိုင်ငံတကာ အဆင့်မီ Smart Card ဖြင့် ပြောင်းလဲထုတ်ပေးနိုင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။

ကနဦး လေ့လာ ဆန်းစစ်ခြင်းကို ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ် အပါအဝင် ကုမ္ပဏီ/ အဖွဲ့အစည်း (၅၀) ကျော်တို့၏ ရှင်းလင်းဆွေး နွေးလေ့လာသုံးသပ်ခြင်း၊ အခြားဝန်ကြီးဌာနများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

လေ့လာချက်များ အရ ကမ္ဘာ့နိုင်ငံများတွင် လူဦးရေ မှတ်ပုံတင်ခြင်း (Population Registration)နှင့် နိုင်ငံသား မှတ်ပုံတင်ခြင်း (National Registration) ဟူ၍ အဓိကအားဖြင့် စနစ်(၂)မျိုးရှိ တာကိုတွေ့ ရှိကြောင်းသိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img