HomeBusinessMyanmar’s dream to receive 5 million tourists blown away by COVID-19 

Myanmar’s dream to receive 5 million tourists blown away by COVID-19 

U Ohn Maung, Union Minister of the Ministry of Hotels and Tourism, said that Myanmar’s dream of receiving five million tourists in 2020 was blown away by the COVID-19 pandemic. 

“Myanmar was on its track to receive over five million tourists in 2020 for the first time in its history. However, the pandemic has halted the global tourism business and our ministry has to develop and adopt Myanmar Tourism Rescue Plan, to relieve the impacts the impact of the tourism business instead of doing tourism promotion activities,” he said. 

To remedy the situation, the ministry launched a series of crash training, low-interest loans, license fee exemption for one year, rescheduling the due date for payment, and cutting the leasing fees by 50 percent. 

“We are working on the program call “Enchanting Myanmar Health and Safety Protocol for Safe Tourism Myanmar, to convince international travelers that Myanmar is safe to travel in post-covid time,” the minister said. 

Moreover, the ministry will also develop and implement Myanmar Tourism Strategic Recovery Roadmap (2020-2025  to relieve the impact on the tourism business and help return to the normal condition in 2023-2025. 

In 2019, the country saw a 23 percent increase in foreign visitors receiving 4.3 million tourists, according to data from the Ministry of Hotels and Tourism. 

The country considers domestic tourism as where to start in post-covid times, according to the Ministry of Hotels and Tourism’s “the Tourism Strategic Road Map”, which includes three stages: survival, reopening, and relaunching, and considers domestic tourism as where to start in post-covid times.

Written by Ko Myo


၂၀၂၀ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသွား ၅သန်း ကျော် ဝင်ရောက်ရန် မျှော်မှန်းထားသော်လည်း ကိုဗစ်ကပ်ရောဂါ ကြောင့် ပျက်ပျယ်ခဲ့ရကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်း တည်ထောင်သည့် (၂၈) နှစ်ပြည့် အထိမ်းအမှတ် (Virtual)အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

“၂၀၂၀မှာ မြန်မာနိုင်ငံသမိုင်းမှာပထမဆုံးအကြိမ် အဖြစ် ခရီးသွား ၅သန်းကျော် ဝင်ရောက်မယ့် လမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာရောက်ရှိခဲ့ပေ မယ့် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း လုံးမှာ ခရီးသွားလုပ်ငန်းဟာ လုံးဝနီးပါးရပ်တန့် သွားတဲ့အတွက်ဝန်ကြီးဌာနဟာခရီးသွားလုပ်ငန်း တွေ မြှင့်တင်ရေးလုပ်ငန်းတွေအစား ခရီးသွား လုပ်ငန်းအပေါ်ထိခိုက်မှုတွေကို ကုစားပေးဖို့ Myanmar Tourism Rescue Plan ကိုချမှတ်ဆောင်ရွက်ခဲ့ရပါတယ်”ဟု ဝန်ကြီးက ဆိုသည်။ 

ကိုဗစ်ကပ်ရောဂါ ကြောင့် ထိခိုက်မှုခံစားခဲ့ရသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအတွက် ကုစားရေးအစီအစဉ်များအဖြစ် Crash of Training များပေးခြင်း ၊ အတိုးနှုန်းသက်သာ သော ချေးငွေများ ရရှိရေးပံ့ပိုးပေးခြင်း ၊ လိုင်စင်ကြေးများကိုတစ်နှစ်ကင်းလွတ်ခွင့်ပြုခြင်း၊ ဟိုတယ်ငှါးရမ်းခများ ပေးသွင်းရန် ကာလ ရွှေ့ဆိုင်း ပေးခြင်း ၊ ကာလသတ်မှတ်ချက်ဖြင့် ငှါးရမ်းခနှုန်းထားများ ၅၀ ရာခိုင်နှုန်း လျှော့ချ ပေးသွင်းခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

“လက်ရှိအချိန်မှာတော့ ကိုဗစ်အလွန်ကာလမှာ နိုင်ငံတကာခရီးသွားတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစိတ်ချရတဲ့ ခရီးစဉ်ဒေသအဖြစ် ယုံကြည်လက်ခံလာစေဖို့ Enchanting Myanmar Health and Safety Protocol for Safe Tourism Myanmar ရေးဆွဲစိစစ်ပြီး တံဆိပ်တွေ ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်”ဟု ဦးအုန်းမောင်က ဆက်ပြောသည်။ 

ထို့အပြင် ရပ်တန့်သွားသော ခရီးသွားလုပ်ငန်း များ ပြန်လည်နလန်ထူရေးနှင့် ၂၀၂၃-၂၀၂၄ တွင်မူလအခြေအနေပြန်ရောက်ရေးအတွက် Myanmar Tourism Strategic Recovery Roadmap(2020-2025)ကို ရေးဆွဲအကောင် အထည်ဖော်သွားမည်ဟု သိရသည်။ 

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက် မှုသည် ၂၀၁၉ခုနှစ်တွင် ၂၃ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး ပြည်ပခရီးသည် ၄သန်း ၃သိန်းကျော်ဝင် ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img