Home Business Myanmar’s Economy to Rebounce Faster Than the Regional and Global Average

Myanmar’s Economy to Rebounce Faster Than the Regional and Global Average

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

The Myanmar economy is projected to rebound faster than regional and global averages and will benefit from China’s relatively swift recovery, according to Oxford Business Group’s report called Covid-19 Response Report
(CRR) , produced in partnership with the medical equipment supplier Okkar Thiri.

While no economy remains immune to the negative effects of Covid-19, the IMF’s June 2020 outlook projects that Myanmar will be one of the few countries not to enter negative growth territory in 2020, with GDP growth accelerating to 6% the following year.

Another favorable factor is that its largest trade partner and second-largest source of FDI inflows – China – is also expected to outperform most other markets over the next 18 months, boding well for a recovery in both exports and investment

In addition, mass generosity also played, the report praised, a significant role in pandemic response as businesses and individuals donated significant amounts of money, medical supplies, and other necessities to support national efforts to combat the virus. Despite being a lower-middle-income country with a relatively low GDP per capita of $1408 in 2019, Myanmar has some of the most generous citizens in the world when it comes to donating money to charity, according to the World Giving Index 2019 from the UK-based Charities Aid Foundation.

“Although Myanmar remains a lower-middle-income country, its domestic and external debt remains at manageable levels, providing opportunities to scale up sustainable borrowing,” Oliver Cornock, OBG’s Editor-in-Chief, said. “Against this backdrop, our report shows that policymakers were able to implement key fiscal and monetary policies aimed at supporting the needs of the real economy, putting it on track to avoid negative growth in 2020 and recover faster than both regional and global averages.”

On April 27 the Myanmar government published the Covid-19 Economic Relief Plan (CERP), consisting of seven goals, 10 strategies, 36 action plans and 76 actions, with the aim of flattening the curve without flattening the econ

In April, the government released a Covid-19 Economic Relief Plan, a multifaceted approach to mitigate the economic challenges of Covid-19 and preparing to kick-start the recovery. One of its key goals is focused on nurturing the growth of innovative products and platforms, particularly in the realm of digital payments and e-commerce. Myanmar has a young, aspirational population of digital natives who could take advantage of targeted policy efforts and incentives to accelerate growth in these areas.

Although still below the highs of several years ago, FDI inflows grew in 2019 amid concerted efforts to liberalize key sectors and improve the business environment and regulatory framework. Notably, FDI has been flowing into productive sectors like manufacturing, livestock, and fisheries, which can spur job creation and export growth. The spike in FDI in the power sector this year can have a positive multiplier effect on growth in other sectors as the electricity supply improves.

Private investment to play a key role in the future of Myanmar’s health care system

The report also focuses on how health care infrastructure was scaled up when the pandemic hit, which not only helped to limit transmission and meet shifts in demand for treatment but will also support Myanmar’s plans to have a universal health care system in place by 2030.


မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဒေသတွင်းနှင့် နိုင်ငံတကာထက် ပိုမိုမြန်ဆန်စွာ ပြန်လည်နာလန်ထလာနိုင်ပြီး တရုတ်နိုင်ငံ၏ လျှင်မြန်စွာ စီးပွားရေးပြန်လည်ကောင်းမွန်လာမှုကြောင့်လည်း အကျိုးအမြတ်ရရှိနိုင်သည်ဟု Oxford Business Group ၏ အစီရင်ခံစာကဆိုသည်။ အဆိုပါ အစီရင်ခံစာကို ဆေးဝါးပစ္စည်းများ တင်သွင်းရောင်းချသည့် ဥက္ကာသီရိကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Covid-19 ၏ ဆိုးကျိုးများမှ ကင်းလွတ်သည့် နိုင်ငံမရှိသော်လည်း မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အနုတ်ဘက်ကျရောက်မည့်နိုင်ငံများတွင် မပါဝင်သော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်မည်ဟု IMF၏ ဇွန်လ ခန့်မှန်းချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၆ ရာခိုင်နှုန်း ရှိမည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအတွက် ကောင်းသည့်အခြား အချက်တစ်ခုမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး လုပ်ထားသည့် နိုင်ငံလည်းဖြစ်သည့် တရုတ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံမှာ လာမည့် ၁၈ လအတွင်းတွင် အခြားသော နိုင်ငံများထက် အခြေအနေပိုကောင်းမည်ဟု ခန့်မှန်းထားသည်။

ထို့အပြင် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များက ရောဂါပိုးတိုက်ဖျက်ရေးအတွက် လိုအပ်သော ငွေကြေး၊ ဆေးဝါး၊ အခြားလိုအပ်ချက်များကို အများအပြားလှူဒါန်းခဲ့ကြခြင်းသည်လည်း ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် များစွာ အထောက်အကူဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။  မြန်မာနိုင်ငံမှာ ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံဖြစ်သော်လည်း ကမ္ဘာပေါ်တွင် အပေးအကမ်းအရက်ရောဆုံးနိုင်ငံထဲတွင် ပါဝင်ကြောင်း World Giving Index 2019 တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံဟာ ဝင်ငွေအလယ်အလတ်နိမ့်ကျတဲ့ နိုင်ငံတစ်နိုင်ဖြစ်ပေမဲ့ ပြည်တွင်းပြည်ပ ချေးငွေဟာ ထိန်းချုပ်စီမံနိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့် ချေးငွေရယူနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်” ဟု OBG ၏ အယ်ဒီတာချုပ်ဖြစ်သူ Oliver Cornock က ဆိုသည်။ “ဒီလိုအနေအထားတွေရှိနေတာကြောင့် မူဝါဒချမှတ်သူတွေအနေနဲ့ နိုင်ငံ့စီးပွားရေးအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ ၂၀၂၀ ခုနှစ်မှာ တိုးတက်မှုနှုန်း အနုတ်မပြဖို့၊ ဒေသတွင်းနဲ့ နိုင်ငံတကာထက် ပိုပြီး မြန်မြန်ဆန်ဆန် စီးပွားရေး နာလံထူနိုင်ဖို့အတွက် အရေးကြီးတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒတွေ ချမှတ်နိုင်ခဲ့ကြကြောင်း ကျွန်တော်တို့ရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်”

ဧပြီလတွင် အစိုးရသည် Covid-19  ကြောင့် စီးပွားရေး ထိခိုက်မှုများကို လျော့ပါးစေရန်၊ စီးပွားရေး ပြန်လည် ကောင်းမွန်လာရန်အတွက် Covid-19 Economic Relief Plan ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ပါဝင်သော ရည်မှန်းချက်များအနက် တစ်ခုမှာ အထူးသဖြင့် ဒီဂျစ်တယ် ငွေပေးချက်မှုနှင့် e-commerce လုပ်ငန်းနယ်ပယ်တွင် ဆန်းသစ်သော ထုတ်ကုန်များ ပလက်ဖောင်းများ ပေါ်ပေါက်လာရေး ရည်ရွယ်သည့် ရည်မှန်းချက်တစ်ခုလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ယင်းနယ်ပယ်များ၌ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်လာစေမည့် အဆိုပါ မူဝါဒများက ပေးသည့် ကောင်းကျိုးများကို ထုတ်ယူအသုံးချနိုင်မည့် ဒီဂျစ်တယ်နှင့် ရင်းနှီးသော လူငယ်လူဦးရေရှိနေသည်ဟု အစီရင်ခံစာက ဆိုသည်။

Min Thu Aung
Experienced Journalist with a demonstrated history of working in the newspaper industry. Skilled in Writing, Translation, Research, Video Editing, and Painting. Strong media and communication professional with a Bachelor's degree focused in English from Monywa University, and a Diploma in International Relations from the University of Yangon
- Advertisment -

Must Read

Tourist ngapali beach rakhine

Myanmar’s dream to receive 5 million tourists blown away by COVID-19 

U Ohn Maung, Union Minister of the Ministry of Hotels and Tourism, said that Myanmar’s dream of receiving five million tourists in 2020 was...