Myanmar’s First Livestock Expo to Be Held in May

0
107
Zarni Min Naing/MBT/Graphic Designer

Myanmar Livestock Expo 2020, the first event of its kind in the country, will be held May 14-16 at Yangon Convention Center.
The expo will feature products and technologies for livestock breeding, including antibiotics, feed processing equipment and packaging technologies, as well as seminars on livestock-related manufacturing and technologies and business opportunities in the industry.
Some 130 exhibitors will showcase livestock breeding products at the event, which is expected to draw about 6,000 visitors.
Located between China and India, with a long coastal area and a big market with over 50 million people, Myanmar has access to ASEAN countries, the Bay of Bengal and the Andaman Sea. However, it has untapped export potential including in the livestock sector.
From October 1 to January 10, the country generated over $5 billion from exports, with animal products contributing about $48 million, slightly down from the year-earlier period, and fishery products $228 million, up more than $40 million from a year earlier.


Myanmar Summary

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည့် Myanmar Livestock Expo 2020 ကို မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့က မေလ ၁၄ ရက် မှ ၁၆ ရက်အထိ Yangon Convention Center တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာမွေးမြူရေး ကုန်စည်ပြပွဲအတွင်း မွေးမြူရေးနှင့် ပတ်သက်သည့် အနာဂတ် ထုတ်ကုန်ပစ္စည်းများ အဆင့်မြင့် နည်းပညာများကိုပါ ပါဝင်ပြသသွားမည်ဖြစ်ပြီး ပြပွဲအတွင်း တိရစ္ဆာန် များနှင့် ပတ်သက်သည့် သိပ္ပံဆိုင်ရာ ဆွေးနွေးပွဲများ ၊ ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲများ ပါ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ စီးပွားရေး အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးမှှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ၊ မွေးမြူရေးအစာနှင့် ထုတ်လုပ်မှှုပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ ၊ ထုတ်ပိုးမှှုစက်ပစ္စည်း ကိရိယာများ ၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဘဏ္ဍာငွေကြေးဆိုင်ရာ ရရှိနိုင်မှှုများအကြောင်းကိုရှင်းလင်း ပြသသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း အရှည်လျားဆုံး ကမ်းရိုးတန်းများစွာ ပိုင်ဆိုင်ထားပြီး ဈေးကွက်အနေဖြင့် လူဦးရေ သန်း ၅၀ ကျော်ရှိသည့် ဈေးကွက်ရှိသည်။ထို့ပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အိန္ဒိယ နိုင်ငံ တို့ဖြင့် တိုက်ရိုက်ချိတ်ဆက် မူရှိသည့် အပြင် အာဆီယံ နိုင်ငံများနှင့် ချိတ်ဆက်နိုင်သည့် ဘင်္ဂလား ပင်လယ်အော် ၊ ကပ္ပလီ ပင်လယ်တို့နှင့်လည်း ချိတ်ဆက်ထားမှှုရှိသည့်အတွက် နိုင်ငံတကာဈေးကွက်များဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ပြပွဲတွင် မွေးမြူရေးဆိုင်ရာ ထုတ်ကုန်များ ပြခန်းပေါင်း ၁၃၀ ခန့် ပါဝင်ပြသသွားမည်ဖြစ်ပြီး ပြပွဲအတွင်းသို့ လူဦးရေ ၆၀၀၀ ခန့်လာရောက်မည်ဟု ခန့်မှန်း ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ လက်ရှိဘဏ္ဍာနှစ်အစမှဇန်နဝါရီ ၁၀ ရက်အထိ(သုံးလကျော်ကာလအတွင်း) ပို့ကုန် ၅ ဘီလီယံကျော်ဖိုး တင်ပို့ထားပြီး ယင်းအနက် တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှှုသည် ကန်ဒေါ်လာ ၄၈ သန်းကျော်ဖိုး ၊ ရေထွက်ပစ္စည်းတင်ပို့မှှုသည် ကန်ဒေါ်လာ ၂၈၈ သန်းဖိုး ရှိကြောင်း သိရသည်။ ယမန်နှစ်ကာလတူနှင့်နှှိုင်းယှဉ်ပါက တိရစ္တာထွက်ပစ္စည်းတင်ပို့မှှုသည် တင်ပို့မှှု သန်း၁၀၀ ကျော်ဖိုးအထိလျော့နည်းခဲ့သည်။ ရေထွက်ပစ္စည်းတင်ပို့မှှုမှာ ယမန်နှစ်ကာလတူနှင့်ယှဉ်ပါက ကန်ဒေါ်လာသန်း ၄၀ ကျော်ဖိုးအထိ ပိုမိုခဲ့သည်။

Previous articleFoodpanda Launches Service in Myanmar
Next articleRetail Summit & Expo to Showcase Products, Opportunities