
In the first two months of fiscal 2020, Myanmar’s foreign trade reached $6.1 billion, with exports of $3.1 billion and imports of $3 billion, an increase of over $921 million from the same period a year earlier, according to data from the Ministry of Commerce.
Agricultural exports brought in $553.1 million while fishery exports generated $175.3 million; mineral commodity exports, $629.9 million; manufacturing products, $1.6 billion; animal products, $41.5 million; and other exports, $54.6 million.
The country imported $1 billion worth of investment materials, $1 billion worth of industrial-use products, $559.9 million worth of consumer products and $397.9 million of raw materials for garment (CMP) industries.
Myanmar set a foreign trade target of $33 billion for the 2020 fiscal year, with $15.5 billion in exports and $17.5 billion in imports.
Based on this target, the country will have a $2 billion trade deficit this fiscal year.
Myanmar Summary
နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံကျော်ဖိုးကုန်သွယ်ထား
၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အစ နှစ်လအတွင်း ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံအထိ ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘဏ္ဍာနှစ်အစ နှစ်လအတွင်းတွင် ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ထားပြီး ပြည်ပနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် တန်ဖိုးရှိသည့် ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းထားကြောင်း ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။
ကာလတူကုန်သွယ်မှုပမာဏကိုနှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၉၂၁ သန်းကျော် ပိုမိုရရှိထားပြီး နှစ်လအတွင်းတွင် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၅၅၄ ဒသမ ၁ သန်း၊ ရေထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၅ ဒသမ ၃ သန်း ၊ သတ္တုတွင်းထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၉ သန်း၊ စက်မှုကုန်ချောပစ္စည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၅ သန်းနှင့် အခြားကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၆ သန်းကျော်တန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ထားကြောင်း သိရသည်။
နှစ်လအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ၊ လုပ်ငန်းသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ၊ လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅၅၉ ဒသမ ၉ သန်းကျော်နှင့် အထည်ချုပ်အတွက် ကုန်ကြမ်းတင်သွင်းမှု (CMP) အမေရိကန်ဒေါ်လာ ၃၉၇ ဒသမ ၉ သန်းကျော်ပြန်လည် တင်သွင်းထားကြောင်း သိရသည်။
ယခု ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံအထိ ကုန်သွယ်ရန်လျာထားပြီး ဘဏ္ဍာနှစ်တစ်ခုလုံးတွင် ပြည်ပနိုင်ငံများသို့ အမေရိန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံတန်ဖိုးရှိသည့် ပို့ကုန်များတင်ပို့ရန်လျာထားသည်။ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိသည့် သွင်းကုန်များပြန်လည်တင်သွိင်းရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုလျာထားချက်အရ သိရသည်။
ယခုဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏဖြစ်သည့် ပို့ကုန်လျာထားချက်နှင့် သွင်းကုန်လျာထားချက်ကို နှိုင်းယှဉ်ပါက ကုန်သွယ်မှုလိုငွေမှာ ၂ ဘီလီယံရှိမည်ဟု ခန့်မှန်းထားခြင်းလည်း ဖြစ်သည်။