HomeBusinessMyanmar's GDP to Grow by 1.8 % While Neighbouring Economies to Contract 

Myanmar’s GDP to Grow by 1.8 % While Neighbouring Economies to Contract 

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Asia Development Bank’s latest report estimated the GDP of Myanmar to grow to 1.8 percent in 2020 compared to 6.8 percent in 2019 while the GDP of most Southeast Asian economies are estimated to contract.

Like Myanmar, Vietnam’s GDP growth is expected to have 1.8 percent and Burnie’s 1.4 percent.

Thailand’s GDP is estimated to contract by 8 percent, and Singapore 6.2 percent, Malaysia 5 percent, Cambodia 4 percent, and Philippines 7.3 percent.

As the COVID-19 pandemic continues to disrupt global economic activity, developing Asia’s gross domestic product is now expected to contract by 0.7% in 2020. GDP is projected to grow by 6.8% in 2021.

This is the region’s first recession in nearly 6 decades. Excluding high-income newly industrialized economies, regional GDP is expected to contract by 0.5% this year before growing by 7.2% next year. Softening demand and subdued food prices will keep inflation benign. The inflation forecast is revised down from 3.2% to 2.9% for 2020 and maintained at 2.3% for 2021.

The threat of a prolonged COVID-19 pandemic and a return to more stringent containment measures is the main risk to the outlook. While economies in developing Asia remain resilient, continued policy support is needed to underpin recovery.


အရှေ့တောင်အာရှနိုင်ငံအများစု၏ GDP သည် တိုးတက်မှု မရှိဘဲ လျော့ကျနိုင်သော်လည်း ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းသည် ၁ဒသမ၈ ရာခိုင်နှုန်းရှိမည်ဟု ယနေ့ထုတ်ပြန်သော အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာက ခန့်မှန်းထားသည်။ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ၏ GDP တိုးတက်မှုသည် ၆ဒသမ၈ ရာခိုင်နှုန်း ရှိခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ပင် ဗီယက်နမ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၁ဒသမ၈ ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံ၏ GDP က ၁ဒသမ ၄ ရာခိုင်နှုန်း ဖွံဖြိုးတိုးတက်မှု ရှိမည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ၏ GDP ကတော့ ၈ ရာခိုင်နှုန်း လျော့ကျမည်ဟု ခန့်မှန်းထားသည်။ ထိုအတူ စင်ကာပူနိုင်ငံ၏ GDP က ၆ဒသမ၂ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ၏ GDPက ၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ GDPက ၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ၏ GDPက ၇ဒသမ၃ ရာခိုင်နှုန်းစီ လျော့ကျမည်ဟု ခန့်မှန်းထားသည်။

COVID-19 ကပ်ရောဂါက ကမ္ဘာ့စီးပွားရေးဆောင်ရွက်မှုများကို ဆက်လက် ဟန့်တားနေသောကြောင့် ဖွ့ဖြိုးစ အာရှ၏ GDP ၏ ၂၀၂၀ ခုနှစ်တွင် သုညဒသမ၇ ရာခိုင်နှုန်း လျော့ကျသွားမည်ဟု ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ၆ဒသမ၈ ရာခိုင်နှုန်း တက်လာမည်ဟု ခန့်မှန်းထားသည်။

ဤကဲ့သို့ တိုးတက်မှု လျော့ကျခြင်းမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးဖြစ်သည်။ ဝင်ငွေမြင့် စက်မှုနိုင်ငံသစ်များကို ဖယ်ထားလိုက်လျှင် ဒေသတွင်း GDP တိုးတက်မှုသည် ယခုနှစ်တွင် သုညဒသမ၅ ရာခိုင်နှုန်း လျော့ကျကာ လာမည့်နှစ်တွင် ၇ဒသမ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။

လျော့ကျလာသော ဝယ်လိုအား၊ ထိန်းချုပ်ထားသော အစားအသောက်ဈေးနှုန်းတို့ကြောင့် ငွေကြေးဖောင်းပွမှုသည် လျော့ပါးလာမည်ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု ၃ဒသမ၂ ရာခိုင်နှုန်းမှာ ၂ဒသမ၉ ရာခိုင်နှုန်းသို့  နိမ့်ကျလာမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၁ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု ၂ဒသမ၃ ရာခိုင်နှုန်း ရှိနေမည်ဟု ခန့်မှန်းထားသည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img