Japan’s NEC Corp. will implement an airport surveillance radar system at Yangon, Naypyidaw and Mandalay international airports under a 2.3-billion-yen agreement with the Department of Civil Aviation (DCA) to improve the safety and efficiency of Myanmar’s air traffic control services.
NEC Corp. will build the system using JICA’s official development assistance to Myanmar.
Scheduled for completion by the end of 2021, the system consists of an Airport Surveillance Radar (ASR) for detecting the distance and bearing of aircraft, Secondary Surveillance Radar (SSR) for gathering operational information from aircraft and a Multi-Sensor Data Processing System (MSDPS).
The three international airports served a total of 7.26 million passengers and handled 55,000 tons of air cargo in 2017.
Old equipment and a lack of radars are hampering efforts by Myanmar’s international airports to accommodate increased volumes of travelers and cargo, according to DCA Myanmar.
ရန်ကုန်၊နေပြည်တော် ၊မန္တာလေးတိုင်းအတွင်းရှိ လေဆိပ်များကို ယန်း ၂ ဒသမ ၃ ဘီလီယံသုံး၍ ရေဒါစနစ်များတပ်ဆင်မည်
ရန်ကုန်၊နေပြည်တော်နှင့် မန္တာလေးတိုင်းအတွင်းရှိ လေဆိပ်များကို လေကြောင်းထိန်းချုပ်ရေးရေဒါအပါအဝင် လေကြောင်းစောင့်ကြည့်ရေးစနစ်များအဆင့်မြင့်တင်ရန် ဂျပန်နိုင်ငံ၏ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် NEC ကော်ပရေးရှင်းမှ ယန်း ၂ ဒသမ ၃ ဘီလီယံ အကုန်ကျခံဆောင်ရွက်ရန် လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်း NEC ကော်ပရေးရှင်းသည် လေကြောင်းထိန်းချုပ်ရေးရေဒါများနှင့် လေကြောင်းစောင့်ကြည့်ရေးစနစ်များကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA ) မှ ထောက်ပံ့သည့် တရားဝင်ဖံံ့ွဖြိုးရေးအကူအညီ (ODA) မှတစ်ဆင့် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
NEC ကော်ပရေးရှင်းသည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် မြန်မာမာနိုင်ငံ၏ လေကြောင်းထိန်းချုပ်ရေးလုပ်ငန်းများ အန္တရာယ်ကင်းစေရန် နှင့် အကျိုးဖြစ်မြောက်မှုတိုးတက်လာစေရန် လေကြောင်းအကွာအဝေးနှင့် တည်နေရာကို ရှာဖွေဖော်ထုတ်နိုင်သည့် လေဆိပ်စောင့်ကြပ်ရေးရေဒါ (ASR) နှင့် ရေဒါများမှ ရရှိသော သတင်းအချက်အလက်များ အသုံးပြုသည့် ဘက်စုံအာရုံခံအချက်အလက်ပေးပို့ရေးစနစ်တို့ကို အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင် းသိရသည်။
၂၀၁၇ ခုနှစ်တွင် ယခု ရေဒါစနစ်များအအဆင့်မြင့်တင့်မည် လေဆိပ် သုံးခုမှ ခရီးသည် အရေအတွက်စုစုပေါင်း ၇ ဒသမ ၂၆ သန်းအထိ ဝင်ရောက်ခဲ့ပြီး ကုန်စည်တန်ချိန် ၅၅၀၀၀ အထိ အတင်အချပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ခရီးသည်အရေအတွက် နှင့် ကုန်စည်တန်ချိန်များ များပြားလာခြင်းကြောင့် အဆိုပါ လေဆိပ်သုံးခုတွင် ရေဒါကရိယာများမရှိခြင်း၊ ဟောင်းနွမ်းနေသည့်စနစ်များကြောင့် လုံခြုံမှုပိုင်းတွင် စိန်ခေါ်မှုများကြုံနေရကြောင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ သိရသည် ။