Myanmar’s Live Swine Imports Top 112,000 Animals

0
234

Ei Thandar Tun/Myanmar Business Today

Myanmar imported some $6 million worth of live swine for breeding purposes during the 2017-2019 fiscal years, an amount corresponding to 112,043 animals. A 2 percent commercial tax is levied on these imports, which are allowed to fill the gap in domestic pork supplies.

“To import swine for breeding or reproduction purposes, the importer must provide documents on the origin and health certificate and other certificates attesting to the purity of the species,” said U Hla Kyaw, Deputy Minister of Agriculture, Livestock and Irrigation at a lower house session last week.

In addition, the importer must provide document of approval from the Ministry of Agriculture, Livestock and Irrigation and an import license issued by the Ministry of Commerce.

Imported piglets must be under 25 kilograms while boars and sows must be under 60 kilograms if imported for reproduction purposes. Moreover, only imports of pigs from countries where there is no outbreak of swine flu and PRRS (porcine reproductive and respiratory syndrome) or blue ear disease are allowed.

Pig imports must meet requirements on weight, prices and quantity set by the Livestock Breeding and Veterinary Department.

Myanmar bans imports of full-grown swine in order to protect local swine breeders. The swine import policy is revised every three months following a meeting of organizations related to swine breeding.


Myanmar Summary

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ နှစ်နှစ် ကျော်ကာလအတွင်း ပြည်ပမှ ဝက်အကောင် ရေ ၁၁၂ဝ၄၃ ကောင် နှစ်နှစ်ကျော်ကာလ အတွင်း အမေရိကန်ဒေါ်လာ ခြောက်သန်း ကျော်ဖိုး တင်သွင်းနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ဒုတိယအကြိမ် မြောက် အမျိုးသားလွှတ်တော် ပုံမှန်အစည်း အဝေးတွင် ပြောသည်။
”တင်သွင်းမယ်ဆိုရင်တော့ တင်သွင်းမယ့် နိုင်ငံနဲ့ တိရစ္ဆာန်ကျန်းမာရေးကောင်းမွန် ကြောင်း ထောက်ခံချက် လက်မှတ်နဲ့ မျိုးပွား ဖို့ တင်သွင်းမယ်ဆိုရင် မိဘမျိုးရိုးထောက်ခံ ချက်တို့ကို တင်ပြမှသာ တင်သွင်းခွင့်ပြုတာ ပါ”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။
ဝက်သားပေါက်နှင့် မျိုးဝက်များ တင်သွင်း မည်ဆိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သွင်းကုန်လိုင်စင်ပါ ရှိရမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းတွင် စီးပွားဖြစ် အသားတိုးဝက်များကို လုံလောက် စွာ ထုတ်လုပ်နိုင်ခြင်းမရှိသည့်အတွက် ပြည်ပ မှ ဝက်အမျိုးအစားအလိုက် တင်သွင်း ခွင့်ပြု ထားခြင်းဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် နှစ်ရာခိုင်နှုန်း ကောက်ခံ၍ ပြည်ပမှ ဝက် တင်သွင်းခွင့်ပြုခဲ့သည်။
ဝက်များတင်သွင်းမည်ဆိုပါက အာဖရိက ဝက်အပြင်းဖျားရောဂါ၊ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားမှု မရှိသည့် နိုင်ငံများမှ ဝက် အရှင်များနှင့် ဝက်ထွက်ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုပြီး တင်သွင်းရာတွင်လည်း ဝက်သားပေါက်ဆိုပါက ၂၅ ကီလိုဂရမ် အောက်နှင့် မျိုးဝက်များ တင်သွင်းမည်ဆိုပါ က ၆ဝ ကီလိုဂရမ်အောက် သားပေါက်များ ကိုသာ တင်သွင်းခွင့်ပြုကြောင်း သိရသည်။
ဝက်သားပေါက်နှင့် မျိုးဝက်များ တင်သွင်း ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ပါ အလေးချိန်၊ ဝက်အကောင် အရေအတွက်၊ ဈေးနှုန်းများ အတိုင်းသာ တင်သွင်းခွင့်ပြုရန် လိုင်စင် ထုတ်ပေးထားပြီး အသားတိုးဝက်ကြီးများကိုမူ တင်သွင်းခွင့် မပြုထားကြောင်း သိရသည်။
ပြည်တွင်း မွေးမြူထုတ်လုပ်နေသူများနှင့် စားသုံးသူများ အကျိုးထိခိုက်မှုမရှိစေရေး အတွက် အသားစားဝက် တင်သွင်းခြင်းကို တားမြစ်ထားသည့်အပြင် ယင်းလုပ်ငန်းအတွက် လည်း သွင်းကုန်လိုင်စင် ခွင့်ပြုပေးထားခြင်း မရှိကြောင်း သိရသည်။
လက်ရှိတွင် ဝက်များ ပြည်ပမှ တင်သွင်း မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မွေးမြူရေး ဆိုင်ရာ အသင်းအဖွဲ့များပူးပေါင်းပြီး ညှိနှိုင်း အစည်းအဝေးကို သုံးလလျှင် တစ်ကြိမ် နှုန်းပြုလုပ်ကာ တင်သွင်းမည့် ဝက်အမျိုး အစား၊ ဝက်အကောင်အရေအတွက်ကို ယင်း အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ခွင့်ပြု ပေးလျက်ရှိကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleFishery Industry Worried Human Trafficking Reports Will Harm Exports
Next articleSecurity Fund Requirement Scrapped for Small-Scale Bamboo Plantations