English Text Below
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အခွန်အခများကို MytelPay အက်ပလီကေးရှင်းမှ ပေးဆောင်နိုင်ရန်အတွက် Mytel နှင့် ရန်ကုန်မြို့တော်ဘဏ်တို့ မေလ ၅ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း MYtel မှ သိရသည်။
“Mytel အနေနဲ့ သုံးစွဲသူ အများပြည်သူအတွက် အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်အောင် MytelPay က တစ်ဆင့် စည်ပင်အခွန်အမျိုးမျိုးကို အလွယ်တကူပေးဆောင်နိုင်အောင် Mytel နဲ့ ရန်ကုန်မြို့တော်ဘဏ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအခွန်ဆောင်တဲ့ဝန်ဆောင်မှုကို မေလထဲမှာ သုံးစွဲသူတွေအနေနဲ့ စတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။
MytelPay အက်ပလီကေးရှင်းကို အသုံးပြု၍ အသုံးပြုပြီး မြေခွန်၊ ပစ္စည်းခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ကို ပေးဆောင်နိုင်မည်ဖြစ်သည်။
အဆိုပါ ၀န်ဆောင်မှုကို မေလအတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် မိမိနေအိမ်မှတစ်ဆင့် ငွေပေးချေနိုင်မည့်အပြင် ၅% လျှော့စျေးပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအလေးပေး လုပ်ဆောင်နေလျက်ရှိပြီး ပြည်သူများအတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Mytel, one of the telecom operators in Myanmar, has singed agreement with Yangon City Bank to allow MytelPay users to make payments for bills and taxes of Yangon City Development Committee, on May 5.
“Our partnership with Yangon City Bank is to allow MytelPay users to make payments for bills and taxes of YCDC easily through our payment platform. Users will be able to use the service starting this month,” U Zaw Min Oo, Communication Officer of Mytel, said.
Using MytelPay application, users will be able to make payment for real estate tax, property tax, water bill and waste bill and enjoy 5 percent off for the payment.
Mytel said that it is focusing on innovation and improvement of service aiming to help betterment of the people’s lives.