Ei Thandar Tun/Myanmar Business Today
Myanmar telecom operator Mytel announced its partnership with mobile game developer Shanghai Moonton Technology at the recent “Road To Legends: Forging A Powerful Connection” event. Mytel will serve as Moonton’s official national partner for 2020-2021 to empower the growing e-sports community in Myanmar.
“As the official national partner of Mobile Legends, we aim to bring forth a much better experience for players and also empower those who wish to make a career out of e-sports,” said U Zaw Min Oo, Mytel’s chief external relations officer.
Through their partnership, Moonton will consider deploying many solutions to optimize connection and improve user experience while Mytel will provide local server support if needed. The aim is to provider players of Mobile Legends: Bang Bang even better latency.
“Mobile Legends: Bang Bang debuted in Myanmar in 2013. There are three million monthly active users in the country and more users are joining the game. Considering the increased amount of active users, Moonton sees a lot of potential in the gaming sector in Myanmar,” said Shanghai Moonton Technology marketing manager Laura Kai Yun Fei,
One of the most popular mobile games in Myanmar, Mobile Legends: Bang Bang has more than four million monthly active users across the globe. It is the first title to be announced as a medal game in the inaugural e-sports tournament of the 2019 SEA Games.
In celebration of the Mytel-Moonton partnership, a lucky draw is being held with prizes including a year of free data, one million Diamonds and nine iPhone 11 Series. Players can enter the lucky draw by typing ML1 and sending it to 966.
Myanmar Summary
Shanghai Moonton Technologies နှင့် Mytel တို့ ဂိမ်းပြိုင်ပွဲတွင် ပူးပေါင်း
ပြည်တွင်း၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် Mytel သည် Mobile Legends: Bang Bang ကို မိတ်ဆက်ခဲ့သော Shanghai Moonton Technologies နှင့် “Road To Legends: Forging A Powerful Connection” ပွဲတွင် Official Partnership အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
လာမည့်နှစ်နှစ်တာ ကာလအတွင်း Mytel သည် Moonton Technology ၏ မြန်မာနိုင်ငံ ကိုယ်စားပြု Official Partnership အနေဖြင့် မြန်မာနိုင်ငံ၏ eSports ကဏ္ဍကို တိုးတက်မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ Mobile Legends ရဲ့ Official Partnership အနေနဲ့ ကျွန်တော်တို့က Mobile Legends ကစားသမားများအတွက် ပိုကောင်းတဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပေးမှာဖြစ်ပြီး e-sports ကစားသမားအနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်သွားမယ့်သူတွေကိုလည်း အင်တိုက်အားတိုက် မြေတောင်မြှောက်ပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ် ” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးက ပြောသည်။
Mobile Legends: Bang Bang ကိုကစားသည့် Mytel ဖုန်းအသုံးပြုသူများကို ဝန်ဆောင်မှုများနှင့် ပစ္စည်းများ ဝယ်ယူရာတွင် ထပ်ဆောင်းအကျိုးခံစားခွင့်များစွာကိုရရှိမည်ဖြစ်ကြောင်းနှင့် Mytel အနေဖြင့် လိုအပ်ပါက ပြည်တွင်းဆာဗာများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
“ Mobile Legends: Bang Bang ဟာဆိုရင် မြန်မာနိုင်ငံဈေးကွက်ထဲမှာ ၂၀၁၇ ခုနှစ်ထဲက စတင်သက်ဝင်လှုပ်ရှားခဲ့တာပါ။ အခုဆို လစဉ်အမြဲတမ်းဆော့ကစားသူ အယောက်ပေါင်း ၃သန်းရှိပြီး တစ်နေ့တစ်ခြားပိုပိုတိုးလာကြောင်းလဲ တွေ့ရှိရပါတယ်။ ဒီလိုမျိုးသုံးစွဲသူ အရေအတွက် တိုးတက်လာတာနဲ့အမျှ Moonton အနေနဲ့ မြန်မာနိုင်ငံရဲ့ ဂိမ်းကဏ္ဍသည်လဲ တိုးတက်နိုင်ခြေနဲ့ အလားအလာ အများကြီးရှိတယ်လို့ ထင်မြင်မိပါတယ်” ဟု Shanghai Moonton Technologies ၏ Marketing Manager ဖြစ်သူ Ms. Lauraက ထပ်မံဖြည့်စွက် ပြောသည်။
Mobile Legends: Bang Bang ဂိမ်းသည် တစ်ကမ္ဘာလုံးတွင် လစဉ်အသုံးပြုသူပေါင်း ၄ သန်းကျော် အထိရှိပြီး မြန်မာနိုင်ငံတွင်လည်း ရေပန်းစားသည့် ဂိမ်းတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။