English Text Below
နေပြည်တော်စည်ပင်ဘဏ်လီမိတက်ကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်အဖြစ် အဆိုပါဘဏ်၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် နာမည်ပြောင်းလဲခဲ့ကြောင်း သိရသည်။
အဆိုပါဘဏ်၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို မေလ ၉ ရက်တွင် နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ အစုရှယ်ယာ ရာနှုန်းပြည့်ထည့်ဝင်ထားသည့် အစုရှင်များဖြစ်သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဘဏ်လုပ်ငန်းကောင်းမွန်တည်ငြိမ်မှုကို ထိန်းထားပြီး ဘဏ်လုပ်ငန်းများ တိုးတက်စေရန်အတွက် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် မြန်မာနိုင်ငံ စာရင်းကိုင်စံများနှင့် အညီ လိုက်နာပြီး Digital Banking စနစ်ကို ပြောင်းလဲရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမျိုးအောင်က ပြောသည်။
ထိုအပြင် နေပြည်တော်စည်ပင်ဘဏ်လီမိတက်သည် လက်ရှိလုပ်ကိုင်နေသည့် ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းများအပြင် ဖွံ့ဖြိုးဘဏ်လုပ်ငန်းများကိုပါ တိုးချဲ့ လုပ်ကိုင်နိုင်ရန် နာမည်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်စည်ပင်ဘဏ်လီမိတက်ကို ၂၀၁၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံး ဘဏ်ခွဲအဖြစ် ၂၀၁၃ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ဥတ္တရသီရိဘဏ်ခွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလတွင် ဇမ္ဗူသီရိဘဏ်ခွဲကို ထပ်မံဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဘဏ်ခွဲငယ် (၃)ခုကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
Naypyitaw Sibin Bank Limited has adopted a new name on its 2018-2019 fiscal year annual meeting held through video conferencing on May 9, jointed by high-rank officials from Naypyidaw Municipal Committee, which holds most of the shares.
From now on, it will be called Naypyidaw Development Bank Limited.
Dr Myo Aung, Patron of the Board of Directors, said that the bank will shift to the digital banking system to improve its banking service while maintaining the stability of the banking business as well as following the existing rules and regulations.
Moreover, the bank will also step into the development banking business in addition to banking services for trading.
The bank was established in 2013 and opened Ottara Thisri branch, its first branch, on May 12, 2013, and Zambuthiri branch in February 2014. Now it has opened three branches.