NES to Prioritize Rubber, Fishery and Foods from Mon State

0
76

by Zin Thu Tun

The Union government, in an attempt to encourage exports from Mon State, will include rubber, fishery and food produced in the state in the National Export Strategy 2020-2025. This follows a March 6 workshop on the matter involving stakeholders from the government and private sectors.
“We will try to include tactics addressing difficulties and hindrances faced by the local companies when trying to sell locally produced products in the international markets,” Permanent Secretary for Commerce U Aung Soe said.
The results of the workshop will be included in the final National Export Strategy report.
Mon State’s rubber production accounts for most of the rubber production in Myanmar and 90 percent is exported. The state also depends on fishery products and food manufacturing as major sources of income.
“The workshop generated a plan that will enhance the competitiveness of Mon State’s export products,” said U Min Kyan Yit, president of Mon State Rubber Planters and Producers Association.
Stakeholders have worked together to adopt action plans to explore advantages and opportunities in the export sector. The Ministry of Commerce and Union of Myanmar Federation of Chambers of Commerce and Industry are jointly implementing the National Export Strategy (2020-2025) with technical support from the International Center and financial support from the UK’s Department for International Development (DFID).
The first National Export Strategy (2015-2019) focused on rice, pulses and oil crops, fishery products, textiles and garment, forestry products, rubber and tourism.
The second National Export Strategy (2020-2025), launched in February, gives priority to agricultural products, textiles and garment, industry and power, fishery products, forestry products, digital products and services, logistics, quality management, trade information service, innovation and entrepreneurship.


မွန်ပြည်နယ်၏ ရော်ဘာ၊ ရေထွက်ကုန်နှင့် စားသောက်ကုန်လုပ်ငန်းများကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ထည့်သွင်းမည်

မွန်ပြည်နယ်၏ ရော်ဘာကဏ္ဍ၊ ရေထွက်ကုန်နှင့် စားသောက်ကုန်လုပ်ငန်းများကို အထောက်အပံ့ပေးနိုင်ရန် အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)၌ ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည် ။ ယင်းအတွက် မတ်လ(၆)ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ဒေသခံပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများသည် အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲရန် ဒေသဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့သည်။

“ ဒီဆွေးနွေးပွဲမှာပါဝင်ရေးဆွဲမယ့် NESလုပ်ဆောင်ချက်အစီအစဉ်တွေမှာ ဒေသထွက်ကုန်တွေ နိုင်ငံတကာ ဈေးကွက်မှာ တင်ပို့ရောင်းချတဲ့အခါ ဒေသခံကုမ္ပဏီတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ဖြေရှင်းပေးမဲ့ နည်းဗျူဟာ များ ပါဝင်ထည့်သွင်းသွားမှာ ဖြစ်ပါတယ် ”  ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောသည်။

ယင်းဆွေးနွေးပွဲမှ လေ့လာတွေ့ရှိချက်များကို National Export Strategy ၏ နောက်ဆုံး မဟာဗျူဟာစာတမ်း၌ ထည့်သွင်းဖော်ပြသွားမည်ဟု ဝန်ကြီးဌာနကဆိုသည်။

မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဓိကရာဘာထုတ်လုပ်သည့်ဒေသဖြစ်ပြီး ထုတ်ကုန်၏ (၉၀)ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသည်။ ယင်းအပြင် ဒေသဆိုင်ရာစီးပွားရေးသည် ပို့ကုန်ဝင်ငွေထပ်မံရရှိစေသော ရေထွက်လုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍကို မှီခိုနေသည်။

“ ဒီဆွေးနွေးပွဲဟာ မွန်ပြည်နယ်ရဲ့ပို့ကုန်ယှဉ်ပြိုင်မှုကိုအရှိန်မြှင့်တင်ပေးမယ့် အစီအစဉ်တစ်ခုကို ချမှတ်ပေးခဲ့ ပါတယ် ” ဟု မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌဖြစ်သူ ဦးမင်းကျန်ရစ်က ပြောသည်။

ယင်းအပြင် မွန်ပြည်နယ်ပို့ကုန်ကဏ္ဍများ၏ အားသာချက်များနှင့် အခွင့်အလမ်းများကို အကောင်အထည်ဖော်နိုင်သော လုပ်ဆောင်ချက်အစီအစဉ်အဖြစ် ပြောင်းလဲရန် အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ်(UMFCCI)မှ ဦးဆောင် အကောင်အထည် ဖော်လျက်ရှိသည်။

မဟာဗျူဟာစီမံကိန်းအတွက် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန(ITC)မှ နည်းပညာအကူ အညီပေးထားပြီး ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)မှ ရန်ပုံငွေမတည်ပေးထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာအတိုင်းဆောင်ရွက်ရန် ၂၀၁၅ ခုနှစ်က ၂၀၁၉ ခုနှစ်ကစတင်ဆောင်ရွက်ခဲ့ပြီး ဆန် ၊ ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံ ၊ ရေထွက်ကုန်ပစ္စည်း ၊ အထည်အလိပ်နှင့်အဝတ်အထည် ၊ သစ်နှင့်သစ်တောထွက်ပစ္စည်း ၊ ရော်ဘာ နှင့် ခရီးသွားကဏ္ဍများကို ဦးစားပေးကဏ္ဍ၊ ဖွံ့ဖြိုးရန်အလားအလာရှိသော ကဏ္ဍ များအဖြစ်ဖော်ဆောင်ခဲ့သည်။

၂၀၂၀ – ၂၀၂၅ ခုနှစ် အမျိုးသားပို့ကုန်မဟာဗျူဟာကို ဖေဖော်ဝါရီလအတွင်းက မိတ်ဆက်ခဲ့ပြီး လယ်ယာထွက်ကုန်ပစ္စည်းအခြေခံ စားသောက်ကုန် ထုတ်လုပ်ခြင်း ကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ကဏ္ဍတို့ပါဝင်သည်။