New Factories Open as Others Close amid Virus Outbreak

0
241

ue to raw material shortages caused by the coronavirus outbreak, eight factories have closed down, six others suspended operations and another two laid off workers in the period from the beginning of the year to March 10. The Ministry of Labor, Immigration and Population said it had helped more than 3,400 workers obtain benefits.
During the same period, a total of 69 new factories opened in Myanmar, including 18 in the garment sector, 11 bag-making factories, 4 shoe factories and 36 factories in other sectors. These new factories created a total of 11,511 jobs, according to U Thein Swe, Union Minister of Labor, Immigration and Population.
“We are closely wacthing the potential impacts on employers and employees as well as problems faced by factories due to the virus outbreak. Moreover, we are preparing preventive measures to help workers and employers in accordance with existing laws,” the minister said.
Affected factories have resorted to various measures from overtime cutbacks to staff downsizing to temporary or permanent closings, all ofwhich have hurt workers.
The Ministry of Labor is working with other relevant ministries, employers organizations and labor unions to find ways to remedy the impact and losses caused by the pandemic.


ကိုရိုနာဗိုင်းရပ်စ်ပိတ်သိမ်းစက်ရုံများရှိသကဲ့သို့ အသစ်ထပ်ဖွင့်သည့်စက်ရုံများလည်းရှိ

ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုနှင့်ဆက်စပ်ပြီး ကုန်ကြမ်းပြတ်တောက်မှုကြောင့်လည်းကောင်း အခြားအကြောင်းကြောင့် လည်းကောင်း ယခုနှစ်အစမှ မတ်လ ၁၀ ရက်အထိ အပြီးပိတ် ၈ ရုံ၊ ယာယီပိတ် ၆ ရုံနှင့် လုပ်သားအင်အားလျှော့ချမှု ၂ ရုံ ရှိခဲ့ပြီး လုပ်သားအင်အား ၃၄၁၃ ဦးကို ငွေကြေးအကျိုးခံစားခွင့်များ ဆောင်ရွက်ပေးခဲ့ရကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း အထည်ချုပ်စက်ရုံ ၁၈ ရုံ၊ အိတ်ချုပ်စက်ရုံ ၁၁ ရုံ ၊ ဖိနပ်စက်ရုံ ၄ ရုံ၊ အခြား စက်ရုံ ၃၆ ရုံ စုစုပေါင်း ၆၉ ရုံအသစ်ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပြီး အလုပ်သမား ၁၁၅၁၁ ဦးကို အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း အဆိုပါ ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးသိန်းဆွေက ဆိုသည်။

“ ယနေ့ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန အနေနဲ့ ဒီရောဂါရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စက်ရုံ အလုပ်ရုံများရဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး အလုပ်သမား ၊ အလုပ်ရှင်တွေအပေါ် သက်ရောက်နိုင်မယ့် အခြေအနေတွေကို မျက်ခြေမပျက်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာပြီး အလုပ်ရှင် အလုပ်သမားများအတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် စီမံမှုတွေကို ပြုလုပ်လျက်ရှိပါတယ် ” ဟု ၎င်းက ပြောသည်။

ကိုရိုနာရောဂါဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ စက်ရုံ ၊ အလုပ်ရုံများ၌ လုပ်သားအင်အားလျှော့ချမှု ၊ စက်ရုံများ ယာယီပိတ်သိမ်းမှု၊ အပြီးပိတ်သိမ်းမှုများ ၊ အချိန်ပို လုပ်ကိုင်ရမှုများ လျော့နည်းလာမှုကြောင့် လုပ်ခလစာနည်းပါးမှုများကြောင့် မကျေနပ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့်ဝန်ကြီးဌာနအနေဖြင့် လက်ရှိအလုပ်အကိုင်အခွင့်အလမ်းတည်တံ့ရေး ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး ဗိုင်းရပ််စရိုက်ခတ်မှုကြောင့် နောက်ဆက်တွဲအနေဖြင့် စီးပွားရေး ကျဆင်းမှုကို ကုစားနိုင်ရေးအတွက် အလုပ်ရှင် ၊ အလုပ်သမားများ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

 

SOURCETin mg Oo /Myanmar Business Today
Previous articleChubb Life Aims for ‘Customers’ Trust’
Next articleGold falls as dollar strengthens, shares rally; set to post quarterly gain