Ngapali Beach Is Calling

0
902

Ngapali Beach Is Calling

Ngapali Beach is inarguably the best beach to visit in Myanmar, a country with many beaches. And no matter how many new beaches emerge for tourism, Ngapali will be the most beautiful of them all.

Popular among local and foreign travelers alike, Ngapali has much to offer both under and above its waters, and the fact that its beauty has remained intact makes it greatly attractive. The 8-mile-long beach is located in Thandwe Township, Rakhine State.

If you don’t enjoy riding a bus, you can fly to Thandwe airport; a round-trip ticket costs around K150,000. The authorities are considering upgrading Thandwe and turning it into an international airport so that private planes can land. A plane ride is convenient and quick, but you will miss out on the experience of traveling through the jungle of Rakhine Yoma.

Gazing through the window of an express bus or a private car will give you mesmerizing views of the mountain ranges and the horizon beyond. When you feel the breeze on your face as the car cruises on the road snaking through the mountains, you will know you have arrived at Ngapali. The views of the sandy beach lined with coconut trees will make you say wow. Ngapali was recently named of the nine best beaches by Kiwi Website, a fitting tribute to its beauty.

Every beach has its own allure. If Ngapali Beach were a woman, she would be a mature goddess.

If you plan to visit Ngapali, you should do it now. Search for information on the internet and arrange your trip. It won’t be difficult, trust me. Don’t wait too long, as the beach becomes more crowded in the summer.

If you dream of relaxing on the beach, Ngapali is simply the place to go. You will find out why travel websites are calling it one of Asia’s best.


Myanmar Summary

ငပလီ(သို့မဟုတ်) တည်ငြိမ်ရင့်ကျက်မှှုတွေနဲ့ အလှနတ်သမီး

အပန်းဖြေလို့ကောင်းတဲ့ကမ်းခြေတွေပေါတဲ့ မြန်မာပြည်မှာ အလှဆုံးကမ်းခြေက ငပလီပါ။ဒါကို ဘယ်သူမှငြင်းလို့မရပါဘူး ။ သွားရတာလွယ်ကူတဲ့ကမ်းခြေတွေ ၊ အသစ်ထပ်ပေါ်လာတဲ့ကမ်းခြေတွေ ဘယ်လောက်ပဲပေါ်လာပါစေ ၊ ငပလီကမ်းခြေဟာ အသာယာဆုံးပါပဲ။

အပျိုစင်လေးလိုလှနေဆဲ ငပလီက အာရှကရော ကမ္ဘာကပါအသိအမှတ်ပြုရတဲ့လ ကမ်းခြေတစ်ခုဖြစ်တဲ့အတွက် ပြည်တွင်းကရော ပြည်ပက ခရီးသွားတွေအတွက် အပန်းဖြေစရာနေရာ ကောင်းတစ်ခုပါ။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာရှိတဲ့ငပလီဟာ ကမ်းခြေအရှည် ရှစ်မိုင်လောက်အထိရှိသလို ရေပေါ်အောက်သယံဇာတ ကောင်းတွေတော်တော်များများကမပျက်စီးဘဲတည်ရှိနေတာကိုက ကမ်းခြေကောင်း တစ်ခုလို့ ပြောလို့ရပါတယ်။

ခရီးဝေးကားမစီးချင်ရင်တော့ သံတွဲငပလီလေဆိပ်ကနေသွားနိုင်ပါတယ်။ မြန်မာငွေ ကျပ်တစ်သိန်းခွဲလောက်နဲ့ အသွားအပြန်သွားလို့ရတာပါ။ လေဆိပ်ကိုလည်း ကိုယ်ပိုင်စင်းလုံးငှားလေယာဉ်တွေ ဆင်းသက်နိုင်ဖို့အထိဆောင်ရွက်နေပြီးတော့ နိုင်ငံတကာလေဆိပ်အဖြစ်ပြောင်းလဲဖို့အထိလည်း ရည်ရွယ်ထားတယ်လို့သတင်းတွေမှာ ဖတ်ရပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံခရီးသွားတွေအတော်များများလာလေ့ရှိပါတယ်။ လေယာဉ်နဲ့ခရီးသွားတာက လူကိုသက်တောင့်သက်သာဖြစ်စေတာအမှန်ပါပဲ။ ဒါပေမယ့် ဒေသန္တရဗဟုသုတတွေကိုပါရဖို့ဆို မော်တော်ကားလေးနဲ့ ရခိုင်ရိုးမကိုဖြတ်ပြီးတောတောင်ရှူခင်း လူနေမှှုတွေကို တဝကြီးခံစားကြည့်နေရတာမျိုး ကမှ ပိုကောင်းတာပါ။

အဝေးပြေးကားလက်မှတ်ဖြတ် ဒါမှမဟုတ် ကိုယ်ပိုင်ကားနဲ့ လွတ်လွတ်လပ်လပ်မောင်းနှင်လာပြီး ကားပြတင်းကနေ တောင်တန်းတွေအလွန် ဟိုးမိုးကုတ်စက်ဝိုင်းအထိငေးနေရတာကခရီးသွားခြင်းရဲ့ အနှစ်သာရတစ်ခုပါ။ တောင်တက်လမ်းတွေကွေ့ပတ်သွားပြီး လှိုင်းလေတိုက်တာကို ခံစားလိုက်ရရင်တော့ ငပလီကိုရောက်နေပါပြီ။ အုန်းပင်တွေစီတန်းပြီးပေါက်နေတဲ့ ကမ်းခြေက ပင်လယ်ရေနဲ့သဲသောင်ပြင်ကျယ်တွေ ကို တစပ်တည်းတွေ့လိုက်ရတဲ့အခိုက်အတန်းမျိုးမှာ လှလိုက်တဲ့ငပလီလို့ အာမေဋိတ်ရွတ်လိုက်ချင်စရာပါ။ ငပလီဟာ Kiwi Website က ရွေးချယ်ထားတဲ့ ၂၀၁၉ ခုနှစ် အကောင်းဆုံးကမ်းခြေကိုးခုစာရင်းမှာလည်း လောလောလတ်လတ်ပါဝင်ထားတာပါ။ ကမ်းခြေတွေတိုင်းက အလှတရားကိုယ်စီရှိပါတယ်။ အမျိုးသမီးတွေနဲ့ တင်စားပြီး ကမ်းခြေတွေကိုတင်စားလေ့ရှိတော့ ငပလီကမ်းခြေကို တင်စားရရင် ဘယ်လိုဖြစ်မလဲ ။ ရင့်ကျက်တည်ငြိမ်နေတဲ့ အလှနတ်သမီးလို့ ဆိုရမလိုပါပဲ ။

ငပလီကိုသွားဖို့  စီစဉ်ထားတာရှိခဲ့ရင် အခုလိုအချိန်မှာ အမြန်ဆုံးအကောင်အထည်ဖော်သင့်ပါတယ်။  အင်တာနက်လိုအပ်တဲ့ အချက်တွေလိုက်ရှိပြီး လွယ်လွယ်ကူကူနဲ့ ကြိုတင်အခန်းမှာတာမျိုး ခရီးစဉ်အစီအစဉ်တွေကို စီစဉ်ခိုင်းတာမျိုးလုပ်လို့ရပါတယ်။ သိပ်မခက်လှပါဘူး။ ငပလီကိုလာတဲ့ ခရီးသွားက နွေရောက်လေ ပိုပြီးများလေပါပဲ။ စီးပွားရေးကိစ္စနဲ့ဖြစ်ဖြစ် မြန်မာပြည်ကိုလာရင်း ကမ်းခြေလှလှလေးမှာ အပန်းဖြေဖို့အခွင့်ကြုံခဲ့ရင် ငပလီက ရွေးချယ်ဖို့အကောင်းဆုံးပါပဲ ။ ဘာလို့ ခရီးသွား Website တွေက ဆုတံဆိပ်တွေပေးနေလဲ ။ ကိုယ်တိုင်အမြင်နဲ့ သာ ဆုံးဖြတ်ကြည့်ပါ။

SOURCEPhyo Thu /Myanmar Business Today
Previous articleMyanmar, Vietnam Expect to See Increased Bilateral Trade
Next articleGetting Back to Nature in a Luxurious, Sustainable Way