Dr. Than Myint, Union Minister of the Ministry of Commerce, has assured people that there is no need to worry about food shortage because the country has enough food supply not only for Yangon but for the whole county.
He said during the coordination meeting to streamline the transportation and monitor the commodity price and supply chain.
He said the Ministry in line with the guidance from the Central Committee for Prevention, Containment, and Treatment against the COVID-19 has considered the supply and demand of the basic commodities such as rice, cooking oil, bean, and onion.
“The government and trade associations have stocked enough basic commodities more than enough for not only Yangon but also for the whole country. Thus, we urge people not to worry about food shortage,” Dr. Than Myint said.
Goods from other Regions and States are flowing into Yangon Region while Yangon is also distributing goods to other regions and states and the government managed to coordinate to make sure the supply of goods is not being interrupted.
“The food supply flow in the 44 townships in Yangon Region is not interrupted thanks to daily coordination between Yangon Regional government and other related bodies. And the commodity price remains stable,” U Phyo Min Thein said.
Moreover, the officials have conducted both government-to-government coordination and business-to-business coordinations to test truck drivers and helpers for covid-19 using test kits and to allow trucks using the Yangon-Mandalay highway to ensure smooth and faster transportation, he added.
Written by Ko Myo
ကိုဗစ်ကာလတွင် ရန်ကုန်အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာလုံ လောက်စွာရှိနေသောကြောင့် ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မည်ကို စိုးရိမ်စရာမလိုဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
အောက်တိုဘာလ ၅ရက်နေ့က ကျင်းပသော ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက်မှု အခြေအနေ၊ ကုန်ဈေး နှုန်း များဖြစ်ပေါ်မှုအခြေအနေ များနှင့်စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ အခြေခံ ရိက္ခာဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် စသည့် အခြေခံရိက္ခာလိုအပ်ချက်များကို သုံးသပ်တွက်ချက်ခဲ့ကြောင်းပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“နိုင်ငံတော်အစိုးရနှင့် ကုန်သည်အသင်းအဖွဲ့ များ၏ လက်ဝယ်တွင် အခြေခံရိက္ခာများ ပြည့်စုံစွာရှိသည့်အတွက် လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး အတွက်သာမက မြန်မာတစ်နိုင်ငံလုံး အတွက် အခြေခံရိက္ခာ ပြည့်စုံလုံလောက်စွာ ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် စားနပ် ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှု မရှိစေလိုပါ။”ဟု ဒေါက်တာသန်းမြင့်က ပြောသည်။
ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးသို့ အခြားပြည်နယ ်နှင့် တိုင်းဒေသကြီးများမှ ကုန်စည်များ ဝင်ရောက် သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးမှလည်း အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကုန်စည်များ ဖြန့်ဖြူးလျက်ရှိကြောင်း၊ လုပ်ငန်းဆိုင်ရာများ များပြားသောကြောင့်အားနည်းချက်၊ချို့ယွင်းချက် များရှိသော်လည်း အမြန်ဆုံးညှိနှိုင်းပူးပေါင်း ဖြေရှင်း နိုင်ခဲ့ပါကြောင်း ဝန်ကြီးက ပြောကြား သည်။
“ရန်ကုန်မြို့ရှိ မြို့နယ် (၄၄) မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ နေ့စဉ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေသည့်အတွက် မြို့နယ်များရှိ လက်လီဆိုင်များသို့ အခြေခံ စားသောက်ကုန်များဖြန့်ဖြူးမှုမှာ အခက်အခဲမရှိ ပါဘူး။ အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ် လျက်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းက ဆွေးနွေး ပြောကြားခဲ့သည်။
ထို့အပြင် ကုန်စည်စီးဆင်းမှုမှန်ကန် မြန်ဆန်ရေး အတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit များဖြင့် လုံလောက်စွာ စစ်ဆေးနိုင်ရေး၊ ကုန်တင်ယာဉ် များအား ရန်ကုန် – မန္တလေး အမြန်လမ်းမ ကြီးပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဖြတ်သန်း အသုံးပြုခွင့် ရရှိရေး၊ Test Kit များအား အသုံးပြုပြီး ရောဂါရှာဖွေစစ်ဆေးမှုများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အစိုးရ အချင်းချင်း (G to G) စနစ်ဖြင့် ဆွေးနွေး၍ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း (B to B) စနစ်ဖြင့် တင်သွင်းနိုင်ရေးတို့ကို ဆောင်ရွက်ထားကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။