Oxford Business Group, in a publication released January 26, sounded an optimistic note on Myanmar, saying the country’s inherent advantages, including a dynamic internal market, an abundance of natural resources and a strategic location between China and India, means it had plenty to offer the international business community.
Released at the event “Getting Ready for the Digital Age,” held at the Melia Hotel, Yangon, “The Report: Myanmar 2020” assesses trends and developments across the economy, including those in macroeconomics, infrastructure, banking and others.
“Investors eyeing Myanmar’s potential will inevitably come across challenges typical of those found in frontier markets, such as infrastructure gaps and a workforce in need of upskilling,” said OBG’s editor-in-chief Oliver Cornock. “However, the country’s growth story over the last decade and forecasts putting it among the fastest-growing economies in ASEAN in the coming years make it an exciting prospect for companies seeking long-term opportunities.”
The publication looks in detail at the country’s bid to open up more of the economy to competition and foreign ownership. The insurance segment, which is benefiting from international investment and heightened market activity following a high-profile liberalization, is explored. The report also analyzes plans to allow foreign banks to engage in onshore retail operations.
OBG charts the expansion under way in the construction sector, which is benefiting from the rollout of infrastructure projects and industrial zones, alongside efforts to attract public-private partnerships and improve transparency in the investment framework.
With preparations for 5G deployment taking shape, the report also considers the economic opportunities this new technology will generate, particularly for young entrepreneurs and startups.
Myanmar Summary
Oxford Business Group မှ မြန်မာနိုင်ငံစီးပွားရေးကဏ္ဍအကြောင်း အစီအရင်ခံစာသစ်ကို ဇန်နဝါရီလနောက်ဆုံးရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေးကို မှတ်ချက်ကောင်းများဖြင့် ဖော်ပြခဲ့သည်။
အစီအရင်ခံစာတွင် Oxford Business Group မှ သုတေသနအဖွဲ့၏ ၁၂ လကျော် ပြုလုပ်ထားသည့် လေ့လာဆန်းစစ်ချက်များ ပါဝင်ပြီး macroeconomics၊ အခြေခံအဆောက်အအုံ၊ ဘဏ်လုပ်ငန်းနှင့် အခြားသောကဏ္ဍအလိုက်တိုးတက်မှုများအပါအဝင် စီးပွားရေးကဏ္ဍ တစ်ခုလုံး၏ ဦးတည်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ခန့်မှန်းချက်များ ပါဝင်သည်။ ပြည်တွင်းဈေးကွက်များရှိခြင်း၊ သံယံဇာတပေါကြွယ်ဝခြင်း၊ ပထဝီအနေအထားအရ တရုတ်နှင့်အိန္ဒိယနိုင်ငံများကြား အရေးပါသည့်နေရာတွင်တည်ရှိခြင်း တို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာစီးပွားရေးရပ်ဝန်းကို ကမ်းလှမ်းချက်များ မြောက်မြားစွာပြုလုပ်နိုင်ကြောင်း OBG ၏ အယ်ဒီတာချုပ် Oliver Cornock က မှတ်ချက်ပေးခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အားသာချက်တွေကြောင့် လာရောက်ရင်းနှီးမြှုပ်နှံဖို့ စောင့်ကြည့်နေသူများအနေနဲ့ အခြေခံအဆောက်အအုံကွာဟချက်တွေ၊ အရည်အချင်းမြှင့်တင်ဖို့ လိုအပ်နေသေးတဲ့ အလုပ်သမားကိစ္စတွေလို အခြားဖွံ့ဖြိုးဆဲဈေးကွက်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို မလွဲမသွေကြုံတွေ့ကြမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်လျှောက် တိုးတက်မှုမှတ်တမ်းနဲ့ လာမယ့်နှစ်တွေမှာ အာဆီယံဒေသတွင်း အကြီးထွားဆုံး စီးပွားရေးဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ကာလရှည်အခွင့်အလမ်းတွေရှာဖွေနေတဲ့ ကုမ္ပဏီတွေအတွက်တော့ မြန်မာနိုင်ငံဟာ အလားအလာကောင်းပြီး စိတ်လှုပ်ရှားဖွယ်ရာ ဈေးကွက်တစ်ခုဖြစ်လို့နေပါတယ်” ဟု Oliver Cornock က အစီရင်ခံစာမိတ်ဆက်ပွဲတွင် ဆိုခဲ့သည်။
ထို့ပြင် အာမခံလုပ်ငန်းနှင့် ငွေကြေးအရင်းအနှီးဈေးကွက်ကို ဖွင့်ပေးလိုက်ခြင်း ၊ လူတိုင်းသုံးနိုင်သည့် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှှုများကို မူဝါဒပိုင်းဖြေလျှော့ပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံတကာ လုပ်ငန်းကြီးများဝင်ရောက်လာပြီး ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍသည်လည်း အရှိန်အဟုန်နှင့်ပြောင်းလဲ တိုးတက်လျက်ရှိကြောင်း ၎င်းက ဆိုခဲ့သည်။စက်မှုကိရိယာများနှင့် ရယူရန်လွယ်ကူသော ဘဏ္ဍာရေး ဝန်ဆောင်မှုများမှတစ်ဆင့် မြန်မာ့ စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားကို မြှင့်တင်ရေး ကြိုးပမ်းမှုများအကြောင်းကို လည်း အစီရင်ခံစာတွင် ထည့်ထားသည်။
အခြေခံအဆောက်အအုံစီမံကိန်းများနှင့် စက်မှုဇုန်များ အကောင်အထည်ပေါ်လာမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်ပိုမိုကျယ်ပြန့်လာသည့်အကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင်များ ပိုမိုပွင့်လင်းမြင်သာမှှုရှိလာစေရေး ဆောင်ရွက်ချက်များအကြောင်းကိုလည်း ဖော်ပြထားသည်။
ပုဂ္ဂလိက-အစိုးရ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ (public-private partnerships) ပိုမိုများပြားလာစေရေးတို့အတွက် ဆောက်လုပ်ရေးကဏ္ဍ၏ ကြိုးပမ်းမှုများအကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးအခြေခံ အဆောက်အအုံ လိုအပ်ချက်များအကြောင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွင် တရားမဝင်တူးဖော်မှှုများအပြင် အခြားသောအခက်အခဲများအကြောင်း၊ ဆက်သွယ်ရေး နည်းပညာဆိုင်ရာပိုင်းတွင်းလည်း ကြိုတင်ပြင်ဆင်လာမှှု ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် startup လုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာအခွင့်အရေးများ ပေါ်ပေါက်လာ နိုင်သည့်အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။