Offshore Fishing Boats Required to Install VMS by December

0
226

 By Tin Mg Oo /Myanmar Business Today

Offshore fishing boats must install Vessel Monitoring System (VMS) by December 2019 so that fishing vessels can be tracked. If they fail to do so, the authorities will ban the vessels from fishing in Myanmar’s sea.

“By installing VMS, we can know when a vessel is in trouble from bad weather; we can track their movement. Moreover, we can collect data such as the fish species they catch. This, in effect, will reduce illegal fishing and help improve fishery export as it can help us figure out where the fish were caught from, which is a requirement of European Union,” said U Than Sein, Deputy Director of the Fishery Department (Yangon).

The authorities of the country initially ordered all the vessels to install VMS by November 30 of this year. However, because fishing companies have to import the equipment they are having trouble meeting the deadline. Due to this, the companies requested the Fishery Department to extend the deadline.

The Fishery Department decided to approve the request for an extension but now require boat owners to sign a contract for a contractor who will install the VMS for them. There are six companies that have won the bid to install the VMS.

Myanmar has 909 offshore fishing boats in Yangon Region, 1,400 boats in Tanintharyi Region, and 700 boats in Ayeyarwady Region and Rakhine State.

ပင်လယ်ပြင်အတွင်း ကမ်းဝေး ငါးဖမ်းစက်လှေများ ဒီဇင်ဘာလ နောက်ဆုံး ထား၍ စောင့်ကြည့်ရေးစနစ် တပ်ဆင်ရမည်

မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ကမ်းဝေး ငါးဖမ်းစက်လှေများအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး စောင့်ကြည့်ရေးစနစ် (VMF) ကို တပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေကြီး ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးသန်းစိန်က အောက်တိုဘာ ၂၂ ရက်တွင် ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောသည်။ သတ်မှတ်ရက်အတွင်း တပ်ဆင်ခြင်းမရှိပါက မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခွင့်ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုတပ်ဆင်ခြင်းအားဖြင့် အကျိုးကျေးဇူးတွေကတော့ ငါးဖမ်းနေတဲ့ နေရာမှာ လှေတွေရဲ့ သွားလာလှှုပ်ရှားမှှုအပိုင်းမှာ ဘာတွေအခက်အခဲဖြစ်လဲ ၊ ဥပမာဆိုရင် ရာသီဥတုကြောင့် ဒုက္ခရောက်ရင်လည်း ကျွန်တော်တို့ သိနိုင်တယ်။ ငါးဖမ်းတဲ့ နေရာတွေမှာ ဘယ်လိုငါးအမျိုးအစားတွေမိလဲ ဆိုတာတွေ စတဲ့ ဒီသတင်းအချက်တွေလည်း ရရှိမယ်။ ပြီးတော့ တရားမဝင် ငါးဖမ်းဆီးတာတွေ ပပျောက်သွားမယ်။ ဒီလှေတွေရဲ့ ဘယ်ငါးဖမ်းကွက်က ဖမ်းလာလဲဆိုတဲ့ EU ရဲ့ စံချိန်စံညွန်းထဲကိုလည်း ဝင်သွားမယ် အဲဒီတော့ ပို့ကုန်ပိုင်းဆိုင်ရာမှာလည်း အထောက်အကူပြု လာမှာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေကြီး ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမူး ဦးသန်းစိန်က ပြောသည်။

ယခုကဲ့သို့ (VMF) စနစ်များ တပ်ဆင်ရန်ညွန်ကြားချက်ကို ၂၀၁၉−၂၀၂၀ ငါးဖမ်းရာသီတွင် ကမ်းဝေးငါးဖမ်းရေယာဉ်အားလုံးကို ၂၀၁၉ စက်တင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ နှစ်လအတွင်း အပြီးတပ်ဆင်ရန် ထုတ်ပြန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ (VMF) စနစ်တပ်ဆင်ဆောင်ရွက်မည့် ကုမ္ပဏီများမှ အဆိုပါ စက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းသည့် အတွက် အချိန်အခက်ခဲများရှိနေကြောင်း တင်ပြခဲ့သည်ဟု ဦးသန်းစိန်က ပြောသည်။

ထို့ကြောင့် လှေပိုင်ရှင်များအနေဖြင့် (VMF) စနစ်တပ်ဆင်ပေးမည့် ကုမ္ပဏီများနှင့် တပ်ဆင်မည်ဖြစ်ကြောင်းကို အောက်တိုဘာလ ၃၀ မတိုင်မီ စာချုပ်များချုပ်ဆိုထားရန် လိုအပ်ကြောင်း ထိုသို့ စာချုပ်ချုပ်ဆိုဆောင်ရွက်ပြီးပါက တပ်ဆင်ရန်ရက်ကို ထပ်မံတိုးမြှင့် ပေးသွားမည်ဟု ၎င်းက ပြောသည်။

(VMF) တပ်ဆင်ရန် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ ၆ခု ရှိပြီး ရေယာဉ်ပိုင်ရှင်များအနေဖြင့် မည်သည့် ကုမ္ပဏီဖြင့်မဆို တပ်ဆင်ဆောင်ရွက်နိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ၌ ပင်လယ်ပြင်ကမ်းဝေး ငါးဖမ်းရေယာဉ် အစီးရေ ၉၀၉ စီးခန့် ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၄၀၀ စီးခန့် ၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အစီးရေ ၇၀၀ ခန့် စုစုပေါင်း ကမ်းဝေးငါးဖမ်းအစီးရေ ၃၀၀၀ ခန့်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

Previous articleHilton’s Ngapali Resort Wins World Luxury Hotel Award
Next articleMarriott Signs Deal With Yoma Land to Bring Westin Brand to Myanmar