OnePay, AGD Partner for Digital Payment Services

0
1215

Local payment app OnePay recently joined forces with Asia Green Development Bank (AGD) to offer safe and easy payments for a wide range of services.
Designed to enable mobile financial transactions between users and businesses across one unified platform, the app aims to combine financial and lifestyle activities, making it smarter, faster and easier to pay bills, buy bus tickets, order food and even donate to a user’s favorite charity.
“OnePay is the first lifestyle application in Myanmar that has been specifically designed to complement the lifestyles of people who want a convenient experience in a safe and sound banking environment, with an option for financial services whenever needed,” said U Aung Zeya Myo, deputy managing director of OnePay.
The app will enable users to purchase bus and flight tickets through Flymya, shop online through rgo47 and use AGD bank accounts for top-ups and withdrawal to and from the wallet as well as through Visa, MasterCard and MPU debit cards. It also offers the ability to add funds to the wallet from Visa and MasterCard credit cards as well as from MPU debit cards.
“It is AGD Bank’s corporate vision to create the first integrated cashless processing system, and OnePay represents the future of e-wallet financial services during the rise of e-commerce platforms across Myanmar,” said U Pyi Soe Htin, chief business officer of AGD Bank.
The app is connected to MM Bus Ticket, First National Insurance, Food2U, World Wildlife Fund, Htoo Foundation, Yangon United Sports Complex, Flymya and rgo 47, among other services.
OnePay provides services that enable seamless payments between users and businesses. ADB Bank, established in 2011, offers banking services through its 77-branch network.

 

One Pay  နှင့် AGD ဘဏ်တို့ မိတ်ဖက်အဖြစ်ပူးပေါင်း

ပြည်တွင်းမှ အွန်လိုင်းလက်မှတ်အရောင်းဝက်ဘ်ဆိုက်များ ၊ အာမခံကုမ္ပဏီများနှင့် နိုင်ငံအနှံ့ရှိ လက်လီအရောင်းဆိုင်များတွင် ငွေပေးချေနိုင်သည့် One Pay အပလီကေးရှင်းနှင့် အာရှစိမ်းလန်းဖ့ွံ ဖြိုးရေးဘဏ်(AGD) တို့ ဘဏ်လုပ်ငန်းမိတ်ဖက်များအဖြစ် ပူးပေါင်းလိုက်သည်။

One Pay အပလီကေးရှင်းသည် ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းများအတွက် ဖုန်းငွေဖြည့်သွင်း နိုင်ခြင်း၊ ဘေလ်ပေးဆောင်နိုင်ခြင်းနှင့် One Pay ဖြင့် ချိတ်ဆက်ထားသည့် နာမည်ကြီးစားသောက်ဆိုင်များမှ အစားအသောက်များအတွက် ငွေပေးချေမှာယူနိုင်ခြင်း နှင့် အားကစားခန်းမများအတွက် ကြိုတင်ငွေပေးချေနိုင်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

“ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို ဦးဆောင်နေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ One Pay က သုံးစွဲသူတွေအနေနဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေဖို့ကို အပလီကေးရှင်းတစ်ခုကနေ အလွယ်တကူအဆင်ပြေပြေ ပြုလုပ်နိုင်ဖို့အတွက် ရည်ရွယ်တီထွင်ထားတာဖြစ်ပါတယ်” ဟု One Pay ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးအောင်ဇေယျမျိုးက ပြောသည်။

ထို့ပြင် အဝေးပြေးကားလက်မှတ်များနှင့် လေယာဉ်လက်မှတ်များအတွက် Flymya မှ တစ်ဆင့် ဝယ်ယူနိုင်ခြင်း rgo47 မှတဆင့် အွန်လိုင်းမှ ဈေးဝယ်နိုင်ခြင်း၊ AGD ဘဏ်အကောင့်ဖြင့် ချိတ်ဆက်၍ ဖုန်းငွေဖြည့်သွင်းခြင်းနှင့် One Pay ပိုက်ဆံအိတ်အတွင်း ငွေသွင်းငွေထုတ်ယူခြင်းများကို အသုံးပြုနိုင်ကြောင်း သိရသည်။

Visa  ကတ်၊ Master ကတ် နှင့် MPU debit card များမှ One Pay သို့ ငွေများဖြည့်သွင်းနိုင်ခြင်း နှင့် One Pay အသုံးပြုသူများအချင်းချင်း အလွယ်တကူငွေလွှဲပြောင်းပေးနိုင်ကြောင်း သိရသည်။

ထို့ပြင် AGD pay တွင်ပါဝင်သည့် လုပ်ဆောင်ချက်များဖြစ်သည့် Visa Credit Card အတွက် ငွေပြန်လည်ဖြည့်သွင်းနိုင်ခြင်းနှင့် ငွေစာရင်းရှင်းတမ်းများကို အလွယ်တကူစစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

“One Pay နဲ့ ကျွန်တော်တို့ AGD ဘဏ် တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတည်တံ့ဖို့ ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းရော ကျွန်တော်တို့ အခုပူးပေါင်းလုပ်ဆောင်နေတဲံ One Pay ရော တိုးတက်ဖို့အတွက် လုပ်ဆောင်သွားမှာပါ။ AGD ဘဏ်က အလုံးစုံပါဝင်တဲ့ ငွေသားမဲ့ ဒစ်ဂျစ်တယ်စနစ်ကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားပါတယ်” AGD ဘဏ်၏ Chief Business Officer ဦးပြည်စိုးထင် မှ ပြောသည်။

One Pay အပလီကေးရှင်းသည် MM Bus Ticket ၊First National Insurance ၊Food2U ၊World Wildlife Fund ၊ Htoo Foundation ၊ Yangon United Sports Complex ၊Flymya နှင့် rgo 47 တို့ဖြင့် ချိတ်ဆက်ထားကြောင်း သိရသည်။

One Pay သည် အပလီကေးရှင်း အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းများအကြား အရောင်းအဝယ်ပိုမိုလွယ်ကူစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး AGD ဘဏ်သည် ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ဘဏ်ခွဲပေါင်း ၇၇ ၊ AGD Pay ၊Union Pay Debit ကတ် ၊ Visa Credit ကတ် နှင့် MPU Debit ကတ်တို့ဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ပေးလျက်ရှိကြောင်း သိရသည်။

SOURCEMyo Sandar /Myanmar Business Today
Previous articleNapoleon Meets His Successor, in Timberlands
Next articleKalaw On My Mind