Online Investment Application Scheme in the Works

0
226

 

The Directorate of Investment and Company Administration, with support from the German Corporation for International Cooperation (GIZ), is working on a scheme called Online Investment Application to enable businesses to apply online for investment project permits.
“In the future, people will no longer need to come to [our] office. They will be able to do everything online,” said DICA Director General U Thant Sin Lwin.
GIZ provides funding for the project which, upon completion, will allow users to submit applications, download forms and make inquiries.
“Let’s say, you are going to open a plant at Hlaing Thar Yar. You will not need to ask for approval from neighbors if the location is in Hlaing Thar Yar Industrial Zone, but you will need to do so if it is outside the zone. These processes will be included in the system,” the official added.
The Myanmar Investment Commission (MIC) maintains an electronic registration platform called MyCo, which allows users to register their companies online in accordance with the Myanmar Company Act 2017.
Since its launch in August 2018, over 67,000 companies have registered through MyCo, according to MIC data.
Companies registered online are required to submit an annual report within six months. Failure to do so will result in the revocation of their license.


Myanmar Summary

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များကို အွန်လိုင်းမှတဆင့်လျှောက်ထားနိုင်ရန် ဂျာမန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)အကူအညီဖြင့် Online Investment Application Systemကို ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ နောက်ဆိုဘာပဲဖြစ်ဖြစ်ရုံးကိုလာစရာမလိုတော့ဘူး။ အွန်လိုင်းကနေအကုန်လုံးလုပ်လို့ရတဲ့အဆင့်ထိ လုပ်နေတယ် ” ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ဆိုသည်။

GIZ က မြန်မာနိုင်ငံအတွက် အကူအညီပေးရန်လျာထားသည့် ရန်ပုံငွေထဲမှ အသုံးပြုသွားမည်ဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက လျှောက်လွှာတင်ခြင်း၊ ဖောင်ရယူခြင်း၊ သတင်းစုံစမ်း မေးမြန်းခြင်းများကို အွန်လိုင်းမှတဆင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

“ ဥပမာစက်ရုံတစ်ခုထောင်မယ်။ တည်ထောင်မယ့်စက်ရုံက လှိုင်သာယာစက်မှုဇုန်မှာဆိုရင် မြေနဲ့ ပက်သက်တဲ့ သဘောထားတောင်းစရာမလိုဖူး။ လှိုင်သာယာစက်မှုဇုန်ရဲ့အပြင်ဘက်ဆိုရင် မြေနဲ့ပက်သက်တဲ့ သဘောထားတောင်းရမယ် စတဲ့ဒီအချက်အလက်အားလုံးကိုအွန်လိုင်းကနေလုပ်သွားဖို့ရှိတယ်၊ ဆိုတော့ အဲဒီ process က ဥပဒေမှာရှိတာကို ကျွန်တော်တို့က System ထဲထည့်မယ်၊ ဒီသဘောပါ ” ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၂၀၁၇ခုနှစ်၌ အတည်ပြုပြဌာန်းခဲ့သော ကုမ္ပဏီ များဥပဒေအရ အီလက်ထရောနစ်မှတ်ပုံတင်စနစ်(MyCO)ကို အသုံးပြု၍ ကုမ္ပဏီများမှတ်ပုံတင်ခြင်း စနစ်ကို ဆောင်ရွက်လျက်ရှိသည်။

၂၀၁၈ခုနှစ်သြဂုတ်လမှစတင်ခဲ့သည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ကိုအသုံးပြု၍ ယနေ့အထိ မှတ်ပုံတင်ခဲ့သော ကုမ္ပဏီပေါင်း(၆၇၀၀၀)ကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။

ထို့အပြင် အထက်ပါစာရင်းများထဲမှ ကုမ္ပဏီပေါင်း(၇၆၀၀)ကျော်ကို နှစ်စဉ်အစီရင်ခံစာတင်ပြရန် တောင်းခံထားပြီး ခြောက်လအတွင်းမတင်ပြနိုင်ပါက ကုမ္ပဏီများစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြေညာထားသည်။

SOURCEZin Thu Tun
Previous articleChinese Visitors Surge After Visa Relaxation
Next articleKyimyindaing Station Earmarked for Upgrade