HomeBusinessOoredoo Myanmar’s Revenue Increased by 8 Percent in the First Half of...

Ooredoo Myanmar’s Revenue Increased by 8 Percent in the First Half of 2020

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Ooredoo Group announced revenue of QAR 14 billion and a net profit of QAR 818 million in the first quarter of 2020.

Ooredoo Myanmar also announced a healthy set of results for the first half of 2020 as it grew its customer base and continued its digital transformation agenda.

The company’s customer base increased by 34 percent to 14.8 million in the first half of 2020 compared to the same period last year. Revenues increased by 8 percent to QAR 580 million during the first half of 2020, compared to the same period in 2019, supported by currency appreciation and healthy growth in data consumption which offset declines in voice revenue.

“Ooredoo Group reported revenues of QAR 14.1 billion in H1 2020, down 3% year-on-year due to movement restrictions designed to contain the spread of the pandemic, reductions in handset sales and macroeconomic weakness in some of our other markets. This was partially offset by strong performances in Indonesia, Tunisia, and Myanmar. Indosat Ooredoo’s revenues increased 6%, driven by its refreshed strategy, and Ooredoo Tunisia’s value creation plan supported a 6% rise in its revenues,” Sheikh Saud bin Nasser AI Thani, Group Chief Executive Officer of Ooredoo, said.

Ooredoo Myanmar was awarded a license to operate in Myanmar in June 2013.

Ooredoo Myanmar today has a range of life-enriching services for consumers to enterprise, government, and SME customers. These services provide a platform for human growth and empowerment and are designed to help people achieve their full potential and businesses run more efficiently.

Ooredoo Myanmar is committed to enriching the lives of Myanmar people through its products, services, and CSR initiatives.


အူရီဒူးအုပ်စုက ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်၏ ဘဏ္ဍာရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ အဆိုပါ နှစ်ဝက်အတွင်း ကွာတာရီယယ် ၁၄ ဘီလီယံ ဝင်ငွေရရှိခဲ့ပြီး အမြတ်ငွေအားဖြင့် ကွာတာရီယယ် ၈၁၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

အူရီဒူးမြန်မာသည် သုံးစွဲသူဦးရေ တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ခြင်း အစီအစဉ်တို့ကြောင့် ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်အတွက် ကောင်းမွန်သည့်ရလဒ်များကို ရရှိခဲ့ပြီး ၂၀၂၀ခုနှစ် ပထမနှစ်ဝက်တွင် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက သုံးစွဲသူဦးရေ ၃၄ရာခိင်နှုန်း တိုးတက်ခဲ့ပြီး ၁၄.၈ သန်း ရှိလာခဲ့ပါသည်။

၂၀၂၀ခုနှစ် ပထမနှစ်ဝက်တွင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက အူရီဒူးမြန်မာသည် ငွေကြေးတန်ဖိုးတက်မှုနှင့် ဖုန်းခေါ်ဆိုမှုအမြတ်‌လျော့ကျနေသော်လည်း‌ ‌ဒေတာသုံးစွဲမူသိသာစွာ တိုးတက် လာခြင်းကြောင့်  ဝင်ငွေ ၈% တိုးတက်ခဲ့ပြီး ကာတာရီရယ် (QAR) ၅၈၀ သန်း ရရှိခဲ့ပါသည်။ ၂၀၂၀ခုနှစ် ပထမနှစ်ဝက်အတွက် EBITDA မှာ  ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက သုံးစွဲသူအသစ်ရှာဖွေမူစရိတ်ကြောင့် ၇ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကာတာရီရယ် (QAR)  ၁၂၄ သန်း ရရှိခဲ့ပါသည်။

“အူရီဒူးအုပ်စုရဲ့ ဝင်ငွေဟာ ၂၀၂၀ ပထမနှစ်ဝက်မှာ ကပ်ရောဂါပြန်ပွားမှုကို ဟန့်တားရန် ရွေ့လျားမှု ကန့်သတ်‌‌ ချက်တွေနဲ့ ဟန်းဆက်အရောင်း လျော့ကျမှုနှင့် အခြားသောဈေးကွက်များတွင် စီးပွားရေး ဈေးကွက်၏အနေအထား အားနည်းချက်တွေကြောင့် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၃% ကျဆင်းခဲ့ပြီး ကာတာရီရယ်(QAR) ၁၄.၁ ဘီလီယံ ရရှိခဲ့ပါတယ်။ အဲဒီလို လျော့ကျခဲ့ပေမဲ့ အင်ဒိုနီးရှား၊ တူနီးရှားနှင့် မြန်မာတို့တွင် လုပ်ငန်းကောင်းမွန်မှုများက တစ်စိတ်တစ်ပိုင်းအားဖြင့် သက်သာစေခဲ့ပါတယ်”ဟု အူရီဒူးအုပ်စု၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sheikh Saud bin Nasser Al Thani က ပြောသည်။

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပါသည်။

အူရီဒူးမြန်မာသည် လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများ အတွက် သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများ နှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက်လည်း လုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် လူမှုဘ၀ ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ကိုင်စွမ်းအားများကို မြှင့်တင်ပေးခြင်း နှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img