by Ei Thandar Tun
Ooredoo Myanmar has rolled out its 4G LTE TURBO network across the country.
The network, which operates on 900 MHz spectrum, enables strong and fast internet data transmission even inside buildings, allowing users to play games, watch video and listen to music without any network disturbance.
“We launched this service to meet customers’ requests for better and stronger internet connectivity deep inside the building,” Ooredoo chief commercial officer Alok Verma said.
Earlier 4G+ networks are unable to ensure undisrupted connectivity when the devices are deep inside the building or in the elevator. The 4G LTE TURBO network rollout was aimed at tackling this problem.
The network was first tested in Ayeyarwady Region, Sagaing Region, Magway Region and Rakhine State and now covers 94 percent of the population.
Ooredoo Myanmar won an operator’s license in June 2013 and has 11.5 million subscribers as of December 2019.
Myanmar Summary
မြန်မာနိုင်ငံအနှံ့အပြားတွင် အူရီဒူးမြန်မာ၏ 4G LTE TURBO ကွန်ရက်ကို ယခုလမှ စတင်ဖြန့်ကြက်
အူရီဒူးမြန်မာမှ အင်တာနက် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန် 900MHz လှိုင်းခွင် နည်းပညာအသုံးပြုထားသည့် 4G LTE TURBO ကွန်ရက်ကို ယခုလမှစတင်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စတင်ဖြန့်ကြက်ခဲ့ကြောင်း အူရီဒူးမြန်မာ၏ ထုတ်ပြန်ချက်အရ သိရသည်။
900MHz လှိုင်းခွင် နည်းပညာအသုံးပြုထားသည့် 4G LTE TURBO ကွန်ရက်သည် အဆောက်အအုံအတွင်း ပိုင်းအထိ ကွန်ရက်လွှမ်းခြုံနိုင်မည်ဖြစ်ပြီး အချက်အလက်များ ရရှိချိန် မြန်ဆန်ခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယိုများ ကြည့်ရှုခြင်း၊ သီချင်းနားထောင်ခြင်းအစရှိသော အပန်းဖြေဖျော်ဖြေမှုများအတွက် အတွေ့အကြုံကောင်းများကို ရရှိစေမည်ဖြစ်သည်။
“ အူရီဒူးရဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေဟာ အဆောက်အအုံအတွင်းပိုင်းအထိ အင်တာနက်လိုင်းဆွဲအား ပိုမို ကောင်းမွန်အောင် တောင်းဆိုကြတာကို အူရီဒူးအနေနဲ့ ကြားသိရတဲ့အတွက် အခုလို အမြန်ဆုံး လုပ်ဆောင်ပေးတာဖြစ်ပါတယ် ” ဟု အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က ပြောသည်။
ယခင်က 4G+ ကွန်ရက်ကိုသာ အသုံးပြုသည့်အတွက် အဆောက်အအုံအတွင်း၊ ဓာတ်လှေကားများအတွင်းတွင် 4G+ ကွန်ရက်ကို ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် 4G LTE TURBO ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် 4G LTE TURBO ကို အသုံးပြုရန် စတင်စမ်းသပ်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံတဝှမ်းရှိ လူဦးရေ ၉၄ ရာခိုင်နှုန်း အထိ 4G LTE TURBO ကွန်ရက်ကို လွှမ်းခြုံထားကြောင်း သိရသည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းလုပ်ဆောင်ရန် ၂၀၁၃ခုနှစ် ဇွန်လတွင် လိုင်စင်ရရှိခဲ့ပြီး ၂၀၁၉ခုနှစ် ဒီဇင်ဘာလအထိ အူရီဒူး၏ ဝန်ဆောင်မှုကို ရယူသုံးစွဲသူပေါင်း ၁၁.၅ မီလီယံအထိ ရှိကြောင်း သိရသည်။