“Beyond the Ordinary” ဟူသော ဆောင်ပုဒ်နှင့် အတူ ကြီးမားကျယ်ပြန့်သော Display၊ စွမ်းဆောင်မှု ကောင်းမွန်သည့် AI Quad Camera (၄)လုံး ပါဝင်သော OPPO A52 ကို မြန်မာနိုင်ငံစျေးကွက်၌ မေလ ၁၂ရက်နေ့တွင် OPPO က စတင်မိတ်ဆက်ခဲ့သည်။
OPPO A52 သည် Screen-to-body Ratio: 90.5% ရှိပြီး 6.5-inch LCD Blind Hole Screen ပါရှိကာ Resolution အလွန်မြင့်မားသော Display Resolution: FHD + (2400 × 1080) PPI 405 ပါဝင်သည့်အပြင် In-Cell Touch Screen Technology ကို ထည့်သွင်းထားသောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကို ကောင်းမွန်စွာပြုလုပ်နိုင်မည်ဖြစ်သည်။

AI Backlight Adjustment ပါဝင်ကာ မျက်လုံးကို အန္တရာယ်ဖြစ်စေသော အပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးသည့် ထောက်ခံချက် လက်မှတ်ကိုလည်း TÜV Rheinland မှ ရရှိထားသည်။
OPPO A52 ၏ ကျောဘက် ကင်မရာတွင် 12MP Main Camera၊ 8MP Ultra Wide Camera၊ 2MP Mono Camera၊ 2MP Portrait Camera ကင်မရာ (၄) လုံးကို အသုံးပြုထားပြီး ရှေ့ဘက်ကင်မရာတွင် OPPO ၏ AI နည်းပညာသုံး အလှပြင်ခြင်းဆိုင်ရာများနှင့်အတူ ဆန်းသစ်လှပသော Selfie များ ဖန်တီးပေးနိုင်သော 16MP Front Camera ကို ထည့်သွင်းထားကြောင်း သိရသည်။
ထို့ပြင် ကောင်းမွန်သည့် 5000mAh Battery ပါရှိသောကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သည့်အပြင် အခြားဖုန်းကို ပြန်လည် အားသွင်းပေးနိုင်သော Reverse Charging လည်း ပါ၀င်သည်။
အဆိုပါဖုန်းကို ၀ယ်ယူမည်ဆိုပါက Twilight Black (အနက်ရောင်) နှင့် Stream White (အဖြူရောင်) ဟူ၍ ရောင်ပြေး (၂) ရောင်တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ကျပ်ငွေ ၂၉၉,၉၀၀ကျပ် ဖြင့်၀ယ်ယူနိုင်မည်ဖြစ်သည်။